header-menu

Recent News

ရေဘေးသင့်ပြည်သူတွေ အန္တရာယ် ကင်းရှင်းစေဖို့ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော် ဆုတောင်းခဲ့တဲ့ စံရတီမိုးမြင့်

 မျက်နှာလှလှလေးရော၊ စိတ်ထားလှလှလေးကိုပါ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ သူမရဲ့အလှအပနဲ့ အနုပညာကြောင့် ဒီနေ့အချိန်အထိ ချစ်ကြတဲ့ ပရိသတ်တွေ တစ်နေ့တစ်ခြား များများလာတာပါ။


 လတ်တလောမှာတော့ စံရတီမိုးမြင့်က ရေဘေးသင့်ပြည်သူတွေ အန္တရာယ် ကင်းရှင်းစေဖို့ အနုပညာရှင်တွေစုပြီး ပဋ္ဌာန်း ရွတ်ဖတ်ပူဇော် ဆုတောင်းခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘုရားတရားလုပ်နေတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို အေးချမ်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို အေးချမ်းလှတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။စံရတီမိုးမြင့်ကတော့ “ရေဘေးသင့်ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ယနေ့ညရွှေတိဂုံဘုရားမှာ အနုပညာရှင်တွေစုပေါင်းပြီး ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းပေးခဲ့ကြတယ်… 🙏🙏🙏


Myanmar Media 7 ၊ အနုပညာရှင်များနှင့် ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းတို့ပူးပေါင်း၍ ရွှေတိဂုံဘုရားတွင် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တာရာယ်ကင်းရှင်းပါစေကြောင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းဝတ်ပြု ခဲ့ပါတယ်။” ဆိုပြီး သူမရဲ့ကုသိုလ်လေးကို ဝေမျှပေးထားတာပါ။မင်းသမီး​ချော​လေး စံရတီမိုးမြင့်​က​တော့ လတ်​တ​လောမှာ အနုပညာလှုပ်​ရှားမှု​တွေ ဆက်​တိုက်​ပြုလုပ်​ဖြစ်​​နေတာပါ။ ပရိသတ်​​တွေစိတ်​ဝင်​စား​နေကြတဲ့ စံရတီမိုးမြင့်​ရဲ့ အချစ်​​ရေးက​တော့ ငြိမ်​သက်​​နေပြီး၊ အိမ်​​ထောင်​ဖက်​ကိုလည်း ​သေချာစဉ်းစား​ရွေးခြယ်​သွားမယ်​လို့ သိရပါတယ်​။ချစ်​ပရိသတ်​​တွေလည်း စိတ်ထားကောင်းလွန်းတဲ့ နတ်​မိမယ်​​လေး စံရတီမိုးမြင့်​ကိုချစ်​ရင်​ သူမရဲ့ပုံ​လေး​တွေကို ​ဝေမျှသွားကြပါဦး​နော်​။credit – momolay
@2017-2019 thadinmann.com. Powered by Blogger.