header-menu

Recent News

ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတွင်ရန်ပုံငွေပွဲပြုလုပ်ရန် တိုင်ပင်နေကြတဲ့နှင်းဆီအဖွဲ့သားများ

 ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်. ပြုလုပ်နိုင်တဲ့သူတွေကတော့ နှင်းဆီအဖွဲ့သားများပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ပြက်လုံးများဟာ ပရိသတ်တွေမရီဘဲမနေနိုင်အောင်ကို တော်လွန်းကြသူများပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့သားများဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်များလည်း ဖြစ်ကြပါတယ်။


 လိုအပ်တဲ့နေရာများတွင် ကူညီနိုင်ရန်အတွက် ရန်ပုံငွေဖျော်ဖြေပွဲများလည်း တစ်ခါတစ်ရံကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ပရဟိတလုပ်ငန်းများကိုလည်း တတ်နိုင်တဲ့ဘက်ကနေကြိုးစားကူညီပေးနေတာလည်း ဖြစ်ပါတယ်။
အခုတစ်ခေါက်မှာလည်း မော်လမြိုင်မြို့တွင် ကျရောက်ခဲ့တဲ့ ရေကြီးမှုများအတွက် ရေဘေးသင့်ပြည်သူများကို ကူညီရန်အတွက် ဖျော်ဖြေပွဲကြီးတစ်ခုကျင်းပရန် စီစဉ်နေကြတာပဲ ဖြစ်ပါတယ်။မကြာခင်မှာ နှင်းဆီအဖွဲ့သားများဟာ မန္တလေးရွှေမြို့တော်ကြီးတွင် ရာမညနှင်းဆီအမည်ဖြင့် ကပြဖျော်ဖြေမှာပဲ ဖြစ်ပါတယ်။


ယနေ့မှာလည်း ဒီပွဲကြီးအတွက် နှင်းဆီအဖွဲ့သားများဟာ တိုင်ပင်ဆွေးနွေးနေကြတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သူတို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Photo – Phu Sone,CRD-Myanmarload
@2017-2019 thadinmann.com. Powered by Blogger.