header-menu

Recent News

လူမျောက်-ကပြားမျိုးနွယ်ကို ပထမဆုံးစမ်းသပ် အောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံ

 ကိုယ်ကျင့်တရားနဲ့ နှိုင်းချိန်ပြီး ဝေဖန်သူတွေက ဝေဖန်နေပေမယ့် စပိန်ပညာရှင် ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ လူသားရဲ့ Stem cell နဲ့ ချန်ပန်ဇီမျောက်ရဲ့ ကလလရေကြည်ကို ပေါင်းစပ်ပြီး လူသားတွေရဲ့ ခန္ဓာကိုယ်အစားထိုးမှု လိုသလောက်ဖန်တီးနိုင်မယ့် မျိုးစိတ်ပေါင်းစပ်မှုကို တရုတ်နိုင်ငံမှာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမျိုးစပ်မှုက အောင်မြင်ခဲ့ပြီးဖြစ်သလို မွေးထုတ်နိုင်တော့မှာပါ။ ကနဦးအနေနဲ့ သူတို့ဟာ လူသားရဲ့ stem cellကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ မျောက်ရဲ့ ကလလရေကြည်ထဲကို ထည့်သွင်းလိုက်ပါတယ်။ Stem cellဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ တစ်ရှူးနဲ့ အရိုးတွေကို ဖြစ်စေနိုင်တဲ့ အဓိကအရာပါ။

 မျောက်မရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းထားတဲ့ Cell တွေက အသက်ရှင်နေပြီး မျိုးစပ်ပုံစံဖွဲ့စည်းကာ လူမျောက် ကပြားကို မွေးဖွားလာမှာပါ။ သန္ဓေသား (၁၄)ရက်နေ့မှာ ပင်မအာရုံကြောတွေ မဖွဲ့စည်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ လူသားတွေမှာရှိတဲ့ ကြောက်ရွံ့မှုမျိုး မပါစေဖို့ ဦးနှောက်ဖွဲ့စည်းမှု ဖြစ်မလာအောင်-
အင်္ဂါအစိတ်ပိုင်းတွေ ဖန်တီးထားတယ်လို့ ပြောထားပါတယ်။ ဒီအဖွဲ့က တွေ့ရှိချက်ကို အသေးစိတ်မဖော်ပြပါဘူး။ “ကျွန်မတို့ ဒီစမ်းသပ်မှုကို စပိန်နိုင်ငံမှာ လုပ်လို့မရလို့ တရုတ်မှာ လုပ်ရတာပါ။ ဒါက ရောဂါဖြစ်နေတဲ့ လူတွေအတွက် လုပ်တဲ့ အရာပါ။ အဓိကကတော့-
လူတွေရဲ့ ခန္ဓာကိုယ်အစားကုသမှုအတွက်ပါ”…လို့ Estrella က ပြောပါ တယ်။ “လူ့မျိုးရိုးဗီဇက ထိန်းချုပ်မရပဲ တိရစ္ဆာန်ရဲ့ ဦးနှောက်ထဲမှာ လူသားရဲ့ဦးနှောက်ပုံစံ ဖြစ်သွားရင် ဘာဖြစ်လာမလဲ။ သူမှာ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ် ဖြစ်လာမလားပဲ။ ပြီးတော့ မျိုးရိုးဗီဇကနေ-

သုတ်ပိုးဖြစ်သွားရင် ဘာဖြစ်လာမလဲ”…လို့ Dr. Angel ပြောပါတယ်။ ပညာရှင်တွေ ဝေဖန်နေတဲ့ကြားက လူသားနဲ့ တိရစ္ဆာန်မျိုးစပ်မှုကိုတော့ တရုတ်နိုင်ငံမှာ လုပ်ဆောင်ခဲ့ပါပြီ။ နောက်ထပ်ရလာမယ့် အကျိုးစပ်တွေကိုတော့ လူသားတွေ မလွဲမသွေ ကြုံကြရဦးမှာပါ။ လူသားတွေအတွက် အကျိုးရှိမလား၊ မရှိဘူလားဆိုတာကတော့ ရလဒ်ပေါ် မူတည်ပါတယ်။

မင်းနွယ်ခန့် (D Nae Thit & D Nae Khit)

source : Metro
@2017-2019 thadinmann.com. Powered by Blogger.