မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ရရှိထားတဲ့ သရုပ်ဆောင် တိုင်ရွန်ဟာ သူချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရည်းစားတွေထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရပြီး လက်တလောမှာတော့ ချစ်သူမရှိတဲ့ Single တစ်ယောက်ဖြစ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။
တိုင်ရွန်ပြောပြခဲ့တာကတော့ “ ရည်းစားနဲက ပြတ်သွားတာ ၂ရက်ဘဲရှိသေးတယ်။ ခုနောက်ပိုင်းမအားလို့ ရည်းစားမထားဖြစ်သေးဘူး ။စိတ်ကြိုက်မတွေ့သေးတာလဲ ပါတယ်။ လောလောဆယ်ရ င်သိပ်မခုန်သေး တာလဲပါတယ်။ အလုပ်တွေများနေလို့ အဲ့ဘက်ကိုအချိန်မပေးနိုင်သေးတာလဲပါတယ်ပေါ့”“အဆင်မပြေသေးတာလဲ ပါတယ်ပေါ့။ ရည်းစားနဲ့ တွဲသွားတွဲလာကတော့ ပေါ်တင်ဘဲ လုပ်ပါတယ်။ Public မှာမတင်ဘူးဆိုတာကတော့ ဘယ်အကြောင်းအရာမှမမြဲဘူးလေ သမီးရည်းစားအတွဲပျက်သွားရင် သူလဲနစ်နာတယ် ကိုယ်လဲနစ်နာတယ်”
“ဒီခေတ်က အများကြီးသမုတ်ကြတာကိုး မိန်းကလေးဘက်က ပိုနစ်နာတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်က Public ပေါ် ရည်းစားထားဖြစ်ရင်တောင် ဘယ်တော့မှ ပုံတင်မှာမဟုတ်ပါဘူး။ အပြင်မှာတော့တရားဝင်ဘဲသွားမှာပါ ပုံတင်တာတော့ ကျွန်တော်မကြိုက်ဘူး” လို့ ဆိုပြီးလဲပြောပြခဲ့ပါတယ်။တိုင်ရွန်ဟာ ယခုနောက်ပိုင်းမှာ ကြော်ငြာတွေများစွာလဲရိုက်ကူးလာရသလို ၊ ရုပ်ရှင်ကားတွေများစွာလဲ ရိုက်ကူးထားတာရှိပါတယ်။ ဒါ့အပြင် သီချင်း MV တွေမှာလဲ သရုပ်ဆောင်တာတွေတွေ့မြင်ရပြီး ပရိသတ်တွေ ကို သူချပြလေ့ရှိတာကတော့ သူအမြဲပျော်ပျော်နေတက်တယ်ဆိုတဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
May Phyo(mml)
Source – momolay tv