” အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့အချိန်မှာ အဖိုးကိုလွမ်းတယ် ဆိုတဲ့ ဖွေးစိန်လေး “

 ဖွေးစိန်လေးကတော့ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီး ပရိသတ်တွေကိုလည်း ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်သူလေး တစ်ဦးပါ။အရုပ်လေးလိုလှပလွန်းတဲ့ အပြင် ပွင့်လင်းလွန်းတဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ ဖွေးစိန်လေးလို့ အခေါ်ခံရသူလေးပါ။ဘယ်လို ဇာတ်ကောင်ကိုပဲရိုက်ရိုက် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ဖွေးကတော့ ဇာတ်ကားတစ်ကားစတင်ရိုက်တော့မယ်ဆို အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူလို့ ဆိုရမှာပါ။

 လက်ရှိမှာလည်း ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ဇာတ်ကားတစ်ကား ဖြစ်တဲ့ Love Equation ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဒေါင်းနဲ့လည်း Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက် အကတွေတိုက် ကြိုးစားပမ်းစား တိုက်ခဲ့တယ်လို့ သိရပါတယ်။အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုရရှိခဲ့ပြီး နောက်ထပ်အကယ်ဒမီဆုကိုရရှိဦးမလားလို့လည်း ပရိသတ်တွေကမှတ်ချက်ပေးခံနေရတယ်လို့ ဆိုရမှာပါ။
ဖွေးစိန်လေးကတော့ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့အချိန်မှာ အဖိုးမရှိတော့တဲ့အတွက် ” ကိုယ့်ရုပ်ရှင်တကား ရုံတင်မယ်ဆိုတိုင်းဖိုးဖိုးဦးထွန်းစိန်ကိုလွမ်းတယ်။ လွန်ခဲ့တဲ့ (၁၂)နှစ်ငယ်ငယ်လေးထဲက မအောင်မြင်ခင်ထဲကအားပေးတာ ဖိုးဖိုးပဲရှိတာ။အဖိုးက ကျွန်တော့်မြေးက မင်းသမီးလေ ဆိုပြီးလူမသိသူမသိတဲ့ သူ့မြေးကိုအမြဲလိုက်ကြွားတာ…ဒါမယ့် ဘယ် ရုပ်ရှင်မှကြည့်မသွားရရှာဘူး…” ဆိုကာ သတိတရ လွမ်းဆွတ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော ဖွေးလို တစ်စုံတစ်ယောက်ကို သတိရတမ်းတမိတာရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။Source : Phway Phway
Credit-Shwe Poe – CeleGabar