မြန်မာနိုင်ငံမှာတော့ အလှမယ်တွေနဲ့ပတ်သက်ရင် သိပ်ပြီးတော့လူစိတ်မဝင်စားဘူးထင်ရပေမဲ့ အဲဒီလိုမဟုတ်တဲ့ပုံပါပဲ။အခုရက်ပိုင်းအတွင်းမှာ Miss Grand International 2019 ပြိုင်ပွဲဟာ ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရာကတ်စ်မှာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံကလည်ူး အလှမယ်မွှေးသက်က ပါဝင်ယှဉ်ပြိုင်နေတာပါ။
ဒီပွဲမှာမြန်မာကိုယ်စားပြုအဖြစ်ပါဝင်ခွင့်ရခဲ့တဲ့ မွှေးသက်ဟာမြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားပါတယ်။ဒီပြိုင်ပွဲရဲ့ပထမဆုံးအခွင့်အရေးတစ်ခုဖြစ်တဲ့ Top 5 Pre Arrival စာရင်းမှာ ပါဝင်ဖို့အတွက် အလှမယ်တွေရဲ့ပရိသတ်တွေကVoting ပေးရမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း (၆၂) နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြတဲ့အထဲမှာမှ မြန်မာမလေးမွှေးသက်ကတော့ ပရိသတ်တွေရဲ့အပြတ်အသတ်ဝန်းရံမှုနဲ့အတူ Top 5 Pre Arrival စာရင်းမှာ ဒုတိယနေရာကနေပါဝင်ခဲ့ပြီဖြစ်ပါတယ်။ဒီစာရင်းမှာပါဝင်တဲ့အလှမယ်ဟာMGI ရဲ့ဥက္ကဋ္ဌဖြစ်သူနဲ့အတူညစာစားခွင့်ရမဲ့အပြင် တစ်ကမ္ဘာလုံးကမီဒီယာတွေနဲ့ ပထမဆုံးတွေ့ဆုံခွင်ရမှာပါ။ဒီအခွင့်အရေးကောင်းကို ပြိုင်ပွဲဝင်တိုင်းကလိုချင်နေကြပြီး မြန်မာမလေးမွှေးသက်ကတော့ရရှိသွားခဲ့ပါပြီ။
မွှေးသက်ဟာ အောက်တိုဘာလ(၉)ရက်နေ့က ဗင်နီဇွဲလားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး Activites တွေစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။မွှေးသက်တစ်ယောက်ဟာ ပြိုင်ပွဲဝင်တွေကြားမှာပေါ်လွင်ထင်ရှားပြီး သွက်လက်တက်ကြွနေတာကြောင့် မြန်မာပရိသတ်တွေကတော့အချစ်ပိုနေရပါတယ်။ဒါ့အပြင် အလှအပ၊အရည်အချင်းတွေပြည့်စုံနေတဲ့မွှေးသက်ကို နိုင်ငံတကာကပရိသတ်တွေကလည်ူးသတိထားမိနေကြပြီပဲဖြစ်ပါတယ်။Source : Miss Grand International,CRD-Sweet , CeleGabar