နှစ်လနီးပါးခွဲခွာပြီးတဲ့နောက် သားလေးနဲ့ ပြန်တွေ့ရချိန် ကြည်နူးပျော်ရွှင်နေတဲ့ ဆုပန်ထွာတို့ သားအမိ

 ဆုပန်ထွာဟာ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ရုံသာမက ဂီတလောကမှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်မှုကြောင့် အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခြင်းကိုအပြည့်အဝကို ရရှိနေသူဖြစ်ပါတယ်။


 ဆုပန်ထွာဟာ လက်ရှိမှာ အမေရိကားကို ဖျော်ဖြေရေးအတွက် နှစ်လနီးပါး ရောက်ရှိနေတာဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ရန်ကုန်ပြန်ရောက်လာပြီးနောက် သားလေးနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ပုံရိပ်လေးတွေကိုကြည်နူးဖွယ်ဖြစ်အောင် ပရိသတ်တွေဆီမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာနဲ့ Roar Roar လေးတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို မိုမိုလေးပရိသတ်တို့ဆီ မျှဝေပေးလိုက်ပါတယ်နော်။

ဆုပန်ထွာဟာ လက်ရှိမှာ သာယာကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားပြီး တဖက်မှာလည်း အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်းကြည်နူးဖို့ကောင်းတဲ့ ဆုပန်ထွာရဲ့ မိသားစုလေးကြည့်ပြီး ကြည်နူးမှုတွေကူးဆက်နိုင်ပါစေ‌နော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Su Pan Htwar's FB
Leo