Iron Cross အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်တေးသံရှင်မျိုးကြီးကတော့ Rock ဂီတလောကမှာ လူကြီးလူငယ်မရွေး အားပေးကြတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ် ။ မျိုးကြီး သီဆိုခဲ့တဲ့ တေးသီချင်းတွေဟာလည်း ပရိသတ်တွေကြားမှာ အမြဲရေပန်းစားအောင်မြင်ခဲ့သလို ပရိသတ်တွေအရမ်းနှစ်သက်အားပေးကြတဲ့ တေးသီချင်းကောင်းတွေလည်း အများကြီးရှိခဲ့ပါတယ် ။ မင်းရှိတဲ့မြို့ ၊ အပြာရောင်အချစ်ည ၊ မိုး စတဲ့သီချင်းတွေကတော့ ပရိသတ်တွေ နှစ်သက်အားပေးဆုံး သီချင်းတွေလို့ဆိုရမှာပါ ။
မျိုးကြီးရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ အဆိပ်ခွက် သီချင်းကလည်း ပရိသတ်တွေ အကြိုက်ဆုံးတေးသီချင်းထဲက တစ်ပုဒ်လို့ဆိုရမှာပါ ။ လတ်တလောမှာတော့ ဒီသီချင်းကို ရေးသားထားတဲ့ တေးရေး မင်းယုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ” ကျွန်တော်ရေးပြီး ( မျိုးကြီး ) ဆိုထားတဲ့ ( အဆိပ်ခွက် ) သီချင်းကို အခုတစ်ချို့ သောသူတွေက အခကြေးငွေများစွာနဲ့စင်ပေါ်မှာဆိုနေတယ်လို့သိရပါတယ် ။ တောင်းပန်ပါတယ်ဗျာ ။ မဆိုကြပါနဲ့ ။ ဒီသီချင်းကိုကျွန်တော် ( မျိုးကြီး ) တစ်ယောက်ထဲကိုပဲ ရောင်းခဲ့တာ ဆိုခွင့်ပေးခဲ့တာပါ ။ သူကလွဲပြီးဘယ်သူမှဆိုတာ ကျွန်တော်မကြိုက်ဘူး ။ ပြီးတော့ ဒီသီချင်းဖြစ်လာဖို့ ကျွန်တော် ၊ မျိုးကြီး ၊ IC တို့ကြိုးစားခဲ့ကြရတာပါ။ ခုမှ ကျွန်တော်တို့ကြိုးစားလို့ဖြစ်လာမှ ခင်ဗျားတို့က လွယ်လွယ်လေးတက်ဆိုနေတာကျွန်တော်ခွင့်မပြုနိုင်ဘူး ။ အဲဒီတော့ကျွန်တော်ရေးထားတဲ့သီချင်းတော့မဆိုပါနဲ့ ။ တောင်းပန်ပါတယ် ” လို့ မေတ္တာရပ်ခံရေးသားထားတာ တွေ့ရပါတယ် ။
ပရိသတ်တွေကတော့ တေးရေးမင်းယုရဲ့ ပို့စ်အောက်မှာ ဒီသီချင်းက Copy သီချင်းဖြစ်ပြီး မူရင်းဖန်တီးသူကိုရော ဘာပြောချင်လဲလို့ ခနဲ့တဲ့တဲ့ မှတ်ချက်တွေ ရေးသားထားကြတာတွေ့ရပါတယ် ။ ကော်ပီသီချင်းဖြစ်နေလို့သာပေါ့ Own Tune သီချင်းသာဆိုလို့ကတော့ ပါးတောင်လာရိုက်မလားမသိဘူးလို့လည်း ဝေဖန်နေကြပါတယ် ။ Cele Connections ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Min Yu
crd-Molly ( Cele Connections )