အမြန်လမ်းမှာခရီးသွားရင်း အခက်အခဲဖြစ်ခဲ့တဲ့သူမကို စေတနာထားကူညီပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ဂုဏ်ယူကြောင်းပြောလာတဲ့ ခင်သဇင်

 မင်းသမီးချောလေး ခင်သဇင်ကတော့ လူလေးလှသလို သူတစ်ပါးကိုလည်း မေတ္တာထား ကူညီပေးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်သဇင်က လတ်တလောမှာ သူမဖခင်ရဲ့နေရပ် မန္တလေးမြို့ကို သွားရောက်နေထိုင်နေတာဖြစ်ပြီး ဒီကနေ့ ဇွန်လ (၂၉) ရက်နေ့မှာတော့ ရန်ကုန်ကိုပြန်လာနေတာပဲ ဖြစ်ပါတယ်။ ခင်သဇင်က ခရီးသွားတုန်း လမ်းပေါ်မှာဖြစ်ခဲ့တဲ့ သူမရဲ့အခက်အခဲကို ကူညီပေးခဲ့တဲ့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ဂုဏ်ယူကြောင်း အခုလိုပဲ ပြောလာပါတယ်။

 “မန္တလေး ရန်ကုန် အမြန်လမ်းမှာ ကားဘီးပေါက်ပါတယ်။ ကံကောင်းချင်တော့ မီးသတ်ရှေ့တည့်တည့်မှာ ပေါက်တာပါ။ အဲဒါနဲ့ မီးသတ်ထဲ ဝင်ပြီး အကူညီတောင်းတာ ပုံပါ မြင်တွေ့တိုင်း မီးသတ်က တာဝန်ရှိသူများ အားလုံး နီးပါး ထွက်လာပြီး ကိုယ်တိုင် ကားဘီးကို လုပ်ပေးကြပါတယ်။ ယခုလို ကူညီစိတ် အပြည့်ရှိတဲ့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ဝငိများ အားလုံးကို လေးစားစိတ်ဖြစ်မိပါတယ်။ မြန်မာနိုင်ငံသား တစ်ဦး အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။”

“ဘီးအပိုနဲ့ ဖြည်းဖြည်း မောင်းသွားဖို့ သေချာမှာရင်း သူတို့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ရုံး ရဲ့ ဖုန်းနံပါတ်ကိုပါလည်း မမေးပဲနဲ့ကို သေချာပြောပြပေးပါတယ်။ အမြန်လမ်း မီးသတ်တပ်ဖွဲ့ကို အထူးပဲ လေးစားချီးကျူး ဂုဏ်ပြုပါတယ်ရှင် 👏🏻👏🏻👏🏻” ဆိုပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုကို ပြောထားပါတယ်။ခင်သဇင်ကတော့ သူမအခက်အခဲဖြစ်နေချိန်မှာ ကူညီပေးတဲ့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Khin Thazin’s fb
Bilie – Cele Connections