စိမ်းစိုလှပတဲ့ မြက်ခင်းပြင်ကြီးထက်မှာ အထာကျကျပိုစ့်ပေး ဓာတ်ဖမ်းနေတဲ့ မော်ဒယ်လ် Mဆိုင်းလု


 ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ်မလေး ဖြစ်တဲ့ Mဆိုင်းလု ကတော့ မြန်မာနိုင်ငံအနုပညာလောကရဲ့ ထိပ်တန်းမော်ဒယ်လ်မလေးတစ်ယောက်ဖြစ်သလို သီချင်း၊ MTV နဲ့ ကြော်ငြာတွေမှာ မကြာခဏ တွေမြင်နေရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ်၊မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ မနောမြေက နေ ပေါက်ဖွားလာတဲ့ ဂျိန်းဖောသူ ခေါ် ကချင်တိုင်းရင်းသူလေးဖြစ်ပြီး တိုင်းရင်းသူ ဖြစ်တဲ့အလျောက် လှပတဲ့ အသားအရေနဲ့ မျက်နာကို ပိုင်ဆိုင်ထားသူပါနော်။



 ပိန်ပိန်းပါးပါး ကိုယ်ခန္ဓာအချိုးအစားလေးနဲ့အတူ ကျန်းမာရေးလိုက်စားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ခရီးသွားခြင်းကို အထူးဝါသနာပါသူလေးလည်းဖြစ်ပါတယ်။ မကြာခဏဆိုသလို Mဆိုင်းလုဟာ သူမရဲ့ အနုပညာရှင်သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ ခရီးထွက်လေ့ရှိပြီး လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင်ကမှ ခရီးသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။
ယနေ့မှာတော့ Mဆိုင်းလုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ စိမ်းစိုလှပတဲ့ မြက်ခင်းပြင်ကြီးထက်မှာ ထိုင်ကာ ပိုစ့်အလန်းလေးတွေပေးပြီး ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ Mဆိုင်းလုရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source Photo credit - M Seng Lu's FB page