မအေးသောင်းဆိုတာနဲ့ ပုရိသတွေအကြီးအကျယ်ကိုကြွေနေရတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာသိကြမှာပါ။မအေးသောင်းဟာ အနှပညာလောကထဲမှာ အခုနှစ်ပိုင်းတွေမှာပိုမိုအောင်မြင်လာတယ်လို့ဆိုရမှာပါ။လက်ရှိအချိန်မှာလည်း ပွဲအခမ်းအနားတွေဆက်တိုက်တက်နေရသလို ကြော်ငြာတွေလည်းရိုက်ကူးနေရတာဖြစ်ပါတယ်။
မအေးသောင်းရဲ့ ဖေ့ဘွတ်အကောင့်ဟာ Follower ပေါင်း(၁.၅)သန်းကျော်လည်းရှိနေပြီးပရိသတ်အများအပြားကဝန်းရံနေကြတာလည်းဖြစ်ပါတယ်။ပရိသတ်တွေဟာ သူတင်လိုက်တဲ့အကြောင်းအရာတိုင်းကို စိတ်ဝင်တစားရှိနေကြပြီး သူကလည်း နေ့စဉ်လှုပ်ရှားမှုတိုင်းလိုလိုကို ပရိသတ်ကိုအသိပေးနေတာပါ။အခုလည်း ကျိုက်ထီးရိုးရောက်နေတဲ့မအေးသောင်းကတော့ နားနေတုန်းမှာအစားစားရင်း ရိုက်ထားတဲ့ပုံရိပ်တွေကို ပရိသတ်ကိုချပြခဲ့ပါတယ်။ဆိုင်မှာရိုက်ထားတဲ့ပုံပေါင်း(၇)ပုံထဲက ပုံတစ်ပုံအောက်မှာတော့ လူတော်တော်များမျာကိုပွဲကျစေခဲ့ပါပြီ။အဲ့ဒါကတော့ စတိုင်ကျကျလက်ဖက်စားနေတဲ့ မအေးသောင်းကိုင်ထားတဲ့ဇွန်းကြီးဟာကိုင်းပျောက်နေတာဖြစ်ပါတယ်။ဒီလိုအဆန်းတကြယ်ဖြစ်နေတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ မှတ်ချက်အမျိုးစုံပေးနေကြတာဖြစ်ပါတယ်။
“Wireless spoon….မကြာခင် ဈေးကွက်ထဲရောက်လာပါတော့မယ် Huawei Samsung Apple အစရှိတဲ့ technology company တွေက wireless spoonကို မတီထွင်ခင် မကြီးအေးသောင်းထွင်သွားပါပြီခင်ဗျ”
” အိုးခိုင်မော့
2019 the latest version spoon”
“air spoon ပါ အထင်မလွဲကြပါနဲ့ စားလို့အရမ်းကောင်းပါတယ်” စသဖြင့်အပြောင်အပျက်တွေ စနောက်နေကြတာလည်းဖြစ်ပါတယ်။အခုလို ဟောလိုးဝင်းနေ့မှာမအေးသောင်းတစ်ယောက် အရမ်းတွေမှော်ဆန်နေတာလားတော့စဉ်းစားစရာပါပဲနော်…။Cele Gabar ပရိသတ်ကြီးကရော ဘယ်လိုထင်သလဲနော်….
Source : AyeThaung
Moe – Cele Gabar