မလေးရှားဘုရင်နဲ့ ကွာရှင်းပြီး၊ လက်ထပ်လက်စွပ်ကို ပေါင်နှံရသည်အထိ ဖြစ်ခဲ့ရတဲ့ ရုရှားအလှမယ်

 ထောင်မြင်လို့ ရာစွန့်ခဲ့ပြီးကာမှ … အရှုံးကြီး ရှုံးခဲ့ရတဲ့ ရုရှားအလှမယ်ကမ္ဘာကျော်မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့တဲ့ ရုရှားအလှမယ် Oksana Voevodina နဲ့ မလေးရှားဆူလတန်ဘုရင်ဟောင်း Sultan Muhammad V of Kelantan တို့ရဲ့ လက်ထပ်ပွဲဟာ၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကွာရှင်းမှုအပြီးမှာ၊လူတွေက ဘယ်လောက်ကုန်ကျတယ်၊ လက်ဖွဲ့စာရိတ် ဘယ်လောက်ရတယ်ဆိုတဲ့ အချက်အလက်တွေကို မေ့ပစ်လိုက်ကြပြီ ဖြစ်ပါတယ်။
ရုရှားအလှမယ် Oksana ဟာ အလှမယ်သရဖူရပြီးနောက် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေရဲ့ လက်တွေကို ပုတ်ချခဲ့ပြီး၊ မလေးဆူလတန်ကို ရွေးချယ်ခဲ့တာပါ။
ဒါပေမယ့် ကွာရှင်းအပြီးမှာတော့ တစ်ပတ်ကို မယားစာရိတ်၊ ကလေးစာရိတ် ပေါင် သောင်းဂဏန်း တောင်းဆိုခဲ့ပေမယ့်၊ နန်းကျဘုရင် Muhammad ဘက်က ဘာမှတောင် အကြောင်း မပြန်ပါဘူးတဲ့။ဥရောပလို နိုင်ငံတွေမှာတော့ မယားစာရိတ်နဲ့ ကလေးစာရိတ်ကို သတ်မှတ်ထားတဲ့ ပမာဏနဲ့အညီ ပေးဆောင်ရပါတယ်။ မဟုတ်ရင် တရားဥပဒေအရ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံရမှာပါ။ အာရှဘက်မှာတော့ မယားစာရိတ်၊ ကလေးစာရိတ်ကို ပေးတဲ့အလေ့အထဟာ ဥပဒေအရ အတိအကျ ပြဋ္ဌာန်းထားလျှင်တောင်မှ လိုက်နာတဲ့သူ ခပ်ရှားရှား ဖြစ်ပါတယ်။
အခုလည်း အလှမယ် Oksana အဖို့တော့ ကလေးတစ်ယောက်နဲ့ ဒုက္ခသုက္ခတွေများနေပြီး၊ မကြာသေးခင်ကပဲ လက်ထပ်လက်စွပ်ကို ပေါင်နှံပြီးတော့ သူမရဲ့ ဆေးဖိုးအတွက် သုံးနေရတယ်လို့ British Daily Mail နဲ့ တွေ့ဆုံစဉ်မှာ ရင်ဖွင့်သွားခဲ့တာပါ။သူမရဲ့ ဆေးဖိုးက ဘယ်လောက်အထိ ကုန်ကျတယ်၊ ဘာရောဂါ ဆိုတာတော့ မသိရပါဘူး။Oksana ဟာ လက်ထပ်လက်စွပ်ကို ပေါင်(၂၀၃၀၀၀)နဲ့ ပေါင်နှံခဲ့ကြောင်းသိရပြီး၊ ဒီပမာဏဟာ မူလဝယ်စဉ်က ဈေးနှုန်းထက် (၃)ဆ လျှော့နည်းနေတယ်လို့ သိရပါတယ်။
သူမဟာ အဲဒီလက်စွပ်ကို သားဖြစ်သူ Ismail Leon ကို မွေးပြီးကတည်းက ပေါင်နှံခဲ့တာပါ။ Oksana နဲ့ ခင်ပွန်းတို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက လက်ထပ်ခဲ့တာ ဖြစ်ပြီး အခုနှစ် ဇူလိုင်မှာ ကွာရှင်းခဲ့တာပါ။
credit-နေသူရိန် D Nae Khit Media