လူမှုရေးမသိတတ်သူကြောင့် သူ့ရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ပြောလာတဲ့ ကိုပေါက်ရဲ့ အခွီဗီဒီယို
ဒါရိုက်တာကြီးကိုပေါက်ကတော့ လက်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားပြီး မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ပီပီ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ ကိုပေါက်က သူအားလပ်ချိန်တွေမှာ Tik Tok ဗီဒီယိုတွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးလေ့ရှိသူတစ်ယောက်ပါ။ ကိုပေါက်ရဲ့ Tik Tok တွေကတော့ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ လူကြိုက်များလှပါတယ်။
ဒီတစ်ခေါက်မှာလည်း ကိုပေါက်က သူ့ရဲ့ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေလာပါတယ်။ ကိုပေါက်က အလိုက်ကန်းဆိုးမသိတဲ့သူတစ်ယောက်ကြောင့် ယောကျာ်းကနေ မိန်းမဖြစ်သွားရတဲ့အဖြစ်ကို အခုလိုပဲ အခွီပြောပြလာတာပဲ ဖြစ်ပါတယ်။
ကိုပေါက်ကတော့ တကယ့်ကို ကြံကြံဖန်ဖန် လုပ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း ကိုပေါက်ရဲ့ Tik Tok လေးတွေကိုကြည့်ပြီး ခဏတာတော့ ဘဝအမောတွေ ပြေပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်နော်။
Source: Aung Min Naing’s fb
Bilie – Cele Connections