ရန်အောင်ကို သီတင်းကျွတ်သွားကန်တော့ခဲ့တဲ့ ခိုင်နှင်းဝေ

 ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ နာမည်တစ်ခုရထားခဲ့သလို ပရဟိတတွေနဲ့လည်း မွေ့လျော်သူပါ ။ လက်ရှိမှာ မိဘမဲ့ကလေးတွေကို မွေးစားထားလျက်ရှိပြီးတော့ ပရဟတိမင်းသမီးရယ်လို့ ပရိသတ်တွေကြားထဲ နာမည်ကြီးသူပါ ။ အခုအခါမှာတော့ ခိုင်နှင်းဝေဟာ သူရဲ့ အနုပညာစီနီယာလည်းဖြစ် ၊ အနုပညာအစ်ကိုလည်းဖြစ်တဲ့ ကိုရန်လေး(ရန်အောင်) ကို သွားရောက်ကန်တော့ခဲ့ပါတယ် ။

 ရန်အောင်ဆိုတာကတော့ အကယ်ဒမီများရှင်တွေထဲက တစ်ဦးဖြစ်ပြီး ၊ အဆို အငို အပြော အဟော စွယ်စုံပိုင်နိုင်သူတစ်ဦးဆိုလည်း မမှားပါဘူး ။ ဂီတလောကထဲမှာလည်း နာမည်တစ်ခုကို တည်ဆောက်ထားခဲ့သလို သရုပ်ဆောင်နယ်ပယ်ထဲမှာလည်း ထိပ်တန်းအကျော်အမော်တစ်ဦးပါ ။ကျမ လေးစား အားကျရသော အနုပညာ အကို ကိုရန်လေး ကို သီတင်းကျွတ်အခါသမယ မှာ သွားရောက် ဂါရဝ ပြုခဲ့ပါတယ်ရှင်
ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ဖူး ဆိုသလိုပဲ အောင်မြင်ကျော်ကြားမှု မှာ ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ အကို က လူတိုင်းကို မေတ္တာထားတတ်တယ် လူချစ်လူခင် ပေါအောင်လည်း ကျင့်ကြံနေထိုင်တတ်တယ် အကိုနဲ့ စကားပြောတိုင်း ကုန်သွားတဲ့ အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေခဲ့တယ် မိခင် ဖြစ်သူကို ဦးထိပ်ထားလွန်းတဲ့ အကို့ရဲ့ ဂါရဝတရား နဲ့ အလုပ်အပေါ် လုပ်ပေါ်ကိုင်ဖော်အပေါ် မှာ စေတနာ အမြဲထား သင်ပြပေးတတ်တဲ့ အပြုအမူတွေ ကိုလည်း အမြဲ အတုယူခဲ့ရပါတယ်
ခိုင်နှင်းဝေစီနီယာကို လေးစားတတ်တဲ့ မခိုင်နှင်းဝေ ရော အနုပညာမှော်အောင်တဲ့ ကိုရန်လေးရော ဒီထပ်ပိုပြီး အနုပညာတွေထုတ်ပြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် . . .
Credit