ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေတိုးဂိတ်ရှေ့တွင် အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာမှ ရူပဗေဒနောက်ဆုံးနှစ် တက္ကသိုလ်ကျောင်း သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်
။အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက အောင်သပြေတိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်းဟန်ဇင် (၃၀ နှစ်) ပျော်ဘွယ်မြို့နေသူ မောင်းနှင်လာသော FOTON အမျိုးအစားခဲရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ညောင်ရွှေမြို့နေ မောင်ပြည့်စုံ (၂၃ နှစ်) မောင်းနှင်ပြီး မမေကဗျာ (၂၀ နှစ်)၊ နောက်ဆုံးနှစ် (ရူပဗေဒ)၊ တောင်ကြီးတက္ကသိုလ်ကျောင်းသူ လိုက်ပါစီးနင်းလာသည့် Honda Street 125 မော်တော် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။CCTV မြင်ကွင်း
သို့ဖြစ်၍ လူသေဆုံးစေသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်း ဟန်ဇင်ကို ရွှေညောင်နယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၃၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။“အ့နေ့ကကားကဘရိတ်ပေါက်တာပါအက်တစီးဘဲမဟုပါဘူးမီးသတ်ကုန်းမှာလဲအဲ့ဒီကားကဆိုင်ကယ်တစိးတိုက်ခဲ့ပါသေးတယ်အပေါ်မှာတိုက်တာယောက်ကျားလေးစိုးရိမ်ရပတယ်တဲ့တိုးဂိတ်ရောက်မှအဲ့ဒီကောင်မလေးဆိုင်ကယ်တိုက်ပီမှကားကရပ်သွားပါတယ် ကားကတလမ်းလုံးဟွန့်တီးပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်'
Source – KBZ TAI News
credit-maharmedianews.com