Chen ဟာ Weibo မှာ ပရိသတ် (၄.၄)သန်း ပိုင်ဆိုင်ထားပြီး၊ စက်တင်ဘာ (၂၇)ရက်က သူငယ်ချင်းဖြစ်သူ Zhao Jing နဲ့အတူ Live လွှင့်ခဲ့တာပါ။ Live လွှင့်လို့ မိနစ်(၂၀)လောက် အကြာမှာ Chen ဟာ သူမရဲ့ လက်တွေနဲ့ ဆံပင်ကို ပင့်တင်လိုက်စဉ်-
ရင်သားတစ်ဖက် ပေါ်သွားခဲ့ပါတယ်။ ဒါကို Chen က ချက်ချင်းရိပ်မိခဲ့ပြီး သူမရဲ့ အကျႌကို အမြန်တင်ခဲ့ပေမယ့်၊ နောက်ကျသွားခဲ့ပါတယ်။ မှတ်ချက်ရေးသူတွေကလည်း အဲဒီအကြောင်းကို ထပ်တလဲလဲ ရေးနေကြတာမို့၊ သူမဟာ Live ထုတ်လွှင့်မှုကို ရပ်နားလိုက်ပါတယ်။
ဒါပေမယ့် Chen ကတော့ သူမမှာ ဘရာအပါးလေး ဝတ်ထားကြောင်း ရင်သားပေါ်သွားတယ်ဆိုတာ မဟုတ်ကြောင်း၊ တကယ်လို့ ပေါ်ခဲ့တယ်ဆိုရင်လည်း SS ရိုက်ပြီး သူမဆီကို ပို့ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ Zhao ကတော့ ” ဘာမှ ပြဿနာ မဟုတ်ပါဘူး .. မြင်တယ်ဆိုရင် မြင်တယ်မှတ်ပေါ့ … သူမက ရင်သား အလွန်လှပသူပါ “လို့ ပြောခဲ့ပါတယ်။
လေးစားစွာြဖင့် credit-လင်းသုတ(bamakhit.com)