စွဲမက်ဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ပေါ်နေတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ ဝါဆိုမိုးဦး

 စွဲမက်ဖွယ်ကောင်းတဲ့ ခပ်မိုက်မိုက် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် မင်းသမီးချောလေး ဝါဆိုမိုးဦးက​တော့ အနုပညာမှာ ထူးချွန်လွန်းတာမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ဝါဆိုမိုးဦးက​ တောင်ကြီး TG Relax Foot Reflexology ဆိုင်ဖွင့်ပွဲလေးကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီးကတော့ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ အရမ်းကိုစွဲမက်ဖွယ်ကောင်းနေတာပါနော်။


 ဝါဆိုမိုးဦးကတော့ "တောင်ကြီးက TG Relax ဆိုတဲ့ Foot Reflexology ဆိုင်ဖွင့်ပွဲလေးတက်ခဲ့ပါတယ် တောင်ကြီးရောက်ရင် ဇိမ်ယူဖို့ နေရာတစ်နေရာ ရှိသွားပြီ Congratulations ပါ Tg relax TG Relax" ဆိုပြီး အလန်းစားဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ဝါဆိုကတော့ မြင်သူတကာ ငေးယူရလောက်တဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပါပဲနော်...။အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးကတော့ တလောကလည်း "နင့်ရဲ့အဝေး" ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားပါသေးတယ်။


ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး အကောင်းဆုံး ပံ့ပိုးကူညီရင်း သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။အဆိုတော် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေပြီး သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးကတော့ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး ပံ့ပိုးကူညီရင်း သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပုံဖော်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လှရက်လွန်းတဲ့ ဝါဆိုလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warsoe Moe Oo's Facebook