မချစ်တော့ဘူးဆိုရင်တောင် ဒီမျက်နှာလေးကို မမေ့နဲ့နော်ဆိုတဲ့ စံရတီမိုးမြင့်

 လန်းဆန်းတဲ့ ပန်းပွင့်လေးလို ချစ်စရာကောင်းတဲ့ အလှအပ​တွေ​ကြောင့်​ပရိသတ်​တွေရဲ့အချစ်​ကို တစ်​နေ့တစ်​ခြား တိုးတိုးပြီး ရလာသူလေးဖြစ်တဲ့ စံရတီမိုးမြင့်ကတော့ သူမရဲ့အလှအပကိုလည်း အမြဲယုံကြည်မှုရှိနေတတ်သူလေးပါ။ လတ်​တ​လောမှာ​တော့ စံရတီမိုးမြင့်​က မချစ်တော့ဘူးဆိုရင်တောင် ဒီမျက်နှာလေးကို မမေ့ပါနဲ့ဆိုပြီး သူမရဲ့ အလှပုံရိပ်​လေး​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ​သေချာကြည့်​လေ လှရက်​လွန်း​လေဖြစ်​တဲ့ သဲရဲ့ပုံရိပ်​လေး​တွေက​တော့ အရမ်းကို ကြွေချင်စရာလေးပါပဲနော်။

 စံရတီမိုးမြင့်​က​တော့ "နောက်ဆုံးမချစ်တော့ဘူးဆိုရင်တောင် ဒီမျက်နှာလေးတော့ မမေ့နဲ့နော်🦋" ဆိုပြီး သူမရဲ့အလှပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ စံရတီမိုးမြင့်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို Single ပါပဲတဲ့နော်။သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ အလှအပနဲ့ ကျန်းမာရေးအတွက် Gym ပုံမှန်ကစားလေ့ရှိတာလည်း တွေ့ရပါတယ်။

စံရတီမိုးမြင့်ကတော့ လတ်တလောမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ ရိုက်ကူးဖြစ်နေပြီး၊ ခရီးတွေလည်း ထွက်ဖြစ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း ပရိသတ်တွေ သဘောကျကြတဲ့ စံရတီမိုးမြင့်ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ စံရတီမိုးမြင့်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;San Yati Moe Myint's Facebook