သားသားလေးကိုခေါ်ပြီး ငွေဆောင်သို့ အပန်းဖြေခရီးထွက်နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်

 နိုင်ငံလက်ရွေးစင် ဘောလုံးသမားနဲ့ မင်းသမီးတို့ရဲ့အချစ်ရေးဆိုပြီး ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြရတဲ့ ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့နှစ်ဦးကတော့ အချစ်တွေအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုးအိအိခန့်က ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ ငွေဆောင်ကမ်းခြေသို့ အလည်ရောက်ရှိနေတဲ့ သူမတို့မိသားစုလေးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေးကလည်း ခရီးထွက်ရလို့ ပျော်ရွှင်နေတာပါနော်။

 ပိုးအိအိခန့်ကတော့ "Hello morning Ngwe Saung" ဆိုပြီး သားသားလေးနဲ့ ငွေဆောင်ရောက်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးအိအိခန့်က ချစ်ရတဲ့ သားလေးကို အချိန်အပြည့်အဝပေးဖြစ်နေတာကြောင့် အနုပညာအလုပ်တွေ နားထားတယ်လို့လည်း သိရပါတယ်။ဖေဖေကြီး အောင်သူကလည်း သားလေးကို လက်ပေါ်ကမချနိုင်လောက်အောင် တစိမ့်စိမ့်နဲ့ အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။


ဘောလုံးကစားသမား အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ မတ်လက မင်္ဂလာပွဲ ဆင်နွှဲခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူပုံဖော်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ အောင်သူတို့ မိသားစုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Poe Ei Ei Khant's Facebook