အရမ်းကို ထူးချွန်ထက်မြက်လွန်းလို့ ပရိသတ်တွေ အားကျနေရတဲ့ အဆိုတော် မင်းသမီးချောလေး ချစ်သုဝေကတော့ အောင်မြင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး လူနေမှုဘဝမှာလည်း အားလုံးက ချစ်ခင်ကြရသူလေးပါ။ လတ်တလောမှာတော့ ချစ်သုဝေက ဒီနေ့ခေတ် လူငယ်တွေကို သူတို့လုပ်ရတဲ့ အလုပ်တိုင်းအတွက် တာဝန်ယူမှု အပြည့်အဝ ရှိစေချင်မိတယ်လို့ ထုတ်ပြောလာတာ တွေ့ရပါတယ်။ အရည်အချင်းပဲရှိပြီး စိတ်ဓါတ်မကောင်းရင် ဘဝမှာ ဘာတန်ဖိုးမှမရှိဘူးလို့ ထိထိမိမိပြောခဲ့တဲ့ ချစ်သုဝေရဲ့စကားတွေကတော့ အရမ်းကို တန်ဖိုးရှိလွန်းပါတယ်နော်။
ချစ်သုဝေကတော့ "လူငယ်တွေကို သူတို့လုပ်ရတဲ့အလုပ်တိုင်းအတွက် တာဝန်ယူ မှုအပြည့်အဝ ရှိစေချင်မိတယ် အရည်အချင်း ပဲရှိပြီး စိတ်ဓာတ် မကောင်းရင် ဘဝမှာ တန်ဖိုး မရှိ ဘူးလေနော် ဒါကြောင့် ကျောင်းမှာ သင် ပေး တာ ပညာ တစ်ခုတည်း မဟုတ်ပဲ စိတ်ဓာတ် စည်းကမ်း ပညာ ၃ခုကို သင်ပေး တာကွဲ့ 😤😢🤔" ဆိုပြီး လူငယ်တွေအတွက် ပညာရစေမယ့်စာလေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
အောင်မြင်တဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ရပ်တည်နေတဲ့ ချစ်သုဝေကတော့ သူမကိုယ်တိုင်သာမက မိသားစုဝင်တွေ၊ သူမရဲ့ပရိသတ်တွေကိုပါ ဂုဏ်ယူရစေတဲ့ အရည်အချင်းပြည့်ဝသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချစ်သုဝေက ချစ်ရတဲ့ သမီးချောလေးနှစ်ယောက်ကိုထိန်းရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူငယ်တွေကို ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုကို ထုတ်ပြောလိုက်တဲ့ ချစ်သုဝေရဲ့အမြင်ကို သဘောတူရဲ့လားဆိုတာ ပြောသွားခဲ့ပါဦးနော်။
Myint Myat
Source;Chit Thu Wai's Facebook