မုန့်ဝယ်ထွက်သွားရင်း ပျောက်နေတဲ့ မန္တလေး စိန်ပန်းက (၁၇) နှစ်သမီးလေး အတွက် ဝိုင်းကူပေးကြပါဦး…

 မုန့်ဝယ်ထွက်သွားရင်း ပျောက်နေတဲ့ မန္တလေး စိန်ပန်းက (၁၇) နှစ်သမီးလေး အတွက် ဝိုင်းကူပေးကြပါဦး… 

 လူပျောက်မှု ထပ်တလဲလဲ တင်နေတဲ့ သတင်းတွေအပေါ် လွှတ်တော်အမတ်များရော အစိုးရ တာဝန်ရှိသူတွေပါ တစ်စုံတစ်ရာ အလေးပေးထုတ်ပြန်မှု မရှိတာဟာ တော်တော်လေး တာဝန်ပေါ့လျော့ရာ ရောက်နေပါပြီ။ပြည်သူများ ကိုယ့်အားကို ကိုးပြီး သတိဝရိယနဲ့သာ သွားလာကြဖို့ တိုက်တွန်းလိုက်ပါရစေ။ အခုလဲ မန္တလေး စိန်ပန်း သူရဲကျော်ရပ်က မုန့်ထွက်ဝယ်ရင်းနဲ့ ပျောက်သွားတဲ့ ၁၇နှစ် သမီးလေးအကြောင်း ဖော်ပြရင်း ကူပြီး ရှဲပေးကြပါအုံးလို့ တောင်ဆိုပါရစေဗျာ။ ဖြစ်စဉ်မှာ မန္တလေးမြို့ စိန်ပန်း သူရဲကျော်ရပ်နေ ယခုပုံပါ မစန္ဒာအေး အသက် (17)နှစ် သည် 26 ရက် နံနက် 11:30 ခန့်အချိန်တွင် ရပ်ကွက်အတွင်း မုန့်ဝယ်ရန် အိမ်မှထွက်ခွာသွားပီး ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက ဆက်သွယ် အကြောင်းကြားပေးကြပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။ အဆိုပါ လူပျောက်နေမှုအား သက်ဆိုင်ရာ အမှတ် (7) ရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။ မစန္ဒာအေး အသက် (17)နှစ် အား မရိုးသားသောစိတ်ဖြင့် ဖြားယောင်း သွေးဆောင် လက်ခံထားသူများအား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန် အထူးအလေးထား တောင်းဆိုအပ်ပါသည်။



တွေ့ရှိပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်အကြောင်းကြားပေးကြပါရန်… (09969607541) (09400156835)
credit-bumi.live