မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ချစ်စရာ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ရင်အေးစေတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး၊ ပရိသတ်တွေရဲ့ရင်ကို အမြဲလန်းဆန်းစေသူလေးဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ ရွှေကစ်လေးက ပေါ့ပေါ့ပါးပါးနဲ့ ခရီးထွက်နေတဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးကို ပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးကတော့ ဘယ်လိုဖက်ရှင်မျိုးလေးပဲ ဝတ်လိုက်ဝတ်လိုက် ထင်ပေါ်ပြီး ချစ်စရာကောင်းနေတာပါနော်။
ရွှေကစ်လေးကတော့ "Picturing Happiness 💚💚💚" ဆိုပြီး ပျော်ရွှင်နေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ခရီးထွက်နေရရင်ကို ပျော်ရွှင်နေတဲ့ ရွှေကစ်လေးကတော့ မကြာခဏဆိုသလိုလည်း နေရာဒေသ အသစ်တွေဆီ အလည်အပတ်သွားလေ့ရှိပြီး၊ သူမရဲ့ခရီးသွားပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိပါတယ်။သေးသေးသွယ်သွယ် ကောင်မလေးက ဘယ်လောက်ထိချစ်ဖို့ကောင်းလဲဆိုတာကို ပြသခဲ့တဲ့ ရွှေကစ်လေး...။
မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ မင်းသန့်မောင်မောင်တို့ ရိုက်ကူးတဲ့ "တိမ်တွေပေါ်ကပန်း" ရုပ်ရှင်ကို အပြီးသတ်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေအကုန် စိတ်ဝင်စားနေကြတဲ့ ရွှေကစ်လေးရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို တည်ငြိမ်နေဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ ရွှေကစ်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Wutt Mhone Shwe Yi's Facebook