လွန်ခဲ့တဲ့ ၄ နှစ်က သူရဲ့ပုံအဟာင်းတွေကို ပြန်လည်မျှဝေပေးခဲ့တဲ့ Sinon Loresca

 ဖိလစ်ပိုင် Catwalk မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိမြန်မာနိုင်ငံ၎င်းမှာ ပရဟိတပေါင်းများစွာနဲ့ အနုပညာအလုပ်တွေလာရောက်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon ဟာ မြန်မာပြည်သူတွေရဲ့ချစ်ခင်မှုကိုအပြည့်ရရှိထားသူတစ်ယောက်ပါ။

 သူဟာ လွန်ခဲ့တဲ့ ၄ နှစ် ဟောလိုးဝင်းညက ရိုက်ထားတဲ့ အောက်ပါပုံကို 'Happy Halloween ပါ အသည်းတို့ ၄ နှစ်ပိုငယ်တုန်းက' ဆိုတဲ့ စာသားနဲ့ အတူ သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။အရင်တုန်းက Sinon ရဲ့ ပုံလေးတွေပါခုလို ခန္ဓာကိုယ်အတွက် အရမ်းကြိုးစားခဲ့ပုံပဲနော်



လက်ရှိမှာ Sinon ဟာသူ့ရဲ့ မွေးနေ့ဟာလည်းနီးကပ်နေတာဖြစ်ပြီး မွေးနေ့ အကြိုအဖြစ် ရန်ကုန်မြို့ရဲ့လမ်းမထက်မှာ ဆင်းရဲနွမ်းပါးတဲ့ သူအချို့ကို ငွေကြေးပေါင်းများစွာ ကိုပရဟိတအဖြစ် အစီအစဉ်ပေါင်းများစွာနဲ့ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။မနက်ဖြန်မှာ ပရဟိတသမားကြီး မြန်မာနိုင်ငံရဲ့ အချစ်တော် Sinonရဲ့မွေးနေ့ကျရောက်မှာဖြစ်ပြီး မွေးနေ့မှာလည်း ဘယ်လိုပရဟိတတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူတွေရဲ့ အပြုံးနဲ့ မြန်မာလူမျိုးတွေရဲ့ကျေနပ်ချစ်ခင်မှုကိုရယူအုံးမလဲ စောင့်ကြည့်ရအုံးမှာပါနော်။ မိုမိုလေးပရိသတ်တွေလည်း မနက်ဖြန်မှာ ကျရောက်မယ့် Sinon ရဲ့ မွေးနေ့အတွက် ဆုတောင်းပေးလိုက်ပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Sinon Loresca's FB
Leo