အနုပညာကို ဝါသနာပါလွန်းလို့ စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးကြိုးစားခဲ့တာကြောင့် အောင်မြင်မှုနေရာတစ်ခုကို ခိုင်ခိုင်မာမာရနေပြီဖြစ်တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အရမ်းချစ်နေကြရသူလေးပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက ရုပ်ရှင်ရိုက်ကူးရေးအတွက် ခရီးထွက်တုန်းက ရိုက်ကူးထားတဲ့ ပုံလှလှလေးကို သူမရဲ့ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ နွေးထွေးတဲ့ နေရောင်ခြည်လေးလို တောက်ပတဲ့ အလှတရားပိုင်ရှင်လေး သုသုကတော့ ဘယ်လိုပုံစံလေးနဲ့မဆို လှရက်လွန်းနေတာပါနော်။
ပိုင်ဖြိုးသုကတော့ "အားတဲ့နေ့တုန်းကတစ်နေကုန်ရိုက်ထားသမျှ ဖြည်းဖြည်းချင်းခွဲတင်ခြင်းအနုပညာ 😜🤗😁" ဆိုပြီး သူမရဲ့ပုံလှလှလေးတွေကို ဖြည်းဖြည်းချင်းစီ ခွဲတင်ဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျကံကောင်းတဲ့ ပိုင်ဖြိုးသုကတော့ သူမကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ခင်ပွန်းကြောင့် ပျော်ရွှင်နေရသူလေးပဲ ဖြစ်ပါတယ်။အသက် (၉) နှစ်တိတိ ကွာတဲ့ ခင်ပွန်းဖြစ်သူကို အားကိုးတကြီးနဲ့ ချစ်တတ်တဲ့ သုသုကတော့ တစ်ခါတစ်လေ ကလေးဆိုးကြီးတစ်ယောက်လိုပါပဲနော်။
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ဦးကတော့ နှစ်ယောက်လုံးက အနုပညာရှင်တွေမို့ နားလည်မှုတွေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ သုသုကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားအသစ်တွေ ရိုက်ကူးဖို့အတွက် နယ်သို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အိမ်ထောင်ကျပြီးမှ တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ သုသုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Paing Phyoe Thu's Facebook
Photo;Ria Bo Vich