မြန်မာ့နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်တဲ့ ဘောလုံးသမား အောင်သူကတော့ အဆိုတော် မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ တစ်ဦးကိုတစ်ဦး ချစ်မိသွားကြတာမို့ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သားလေးတစ်ဦးကိုပါ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ အိမ်ရဲ့ဆည်းလည်းလေးကြောင့် အရင်ကထက်ပိုပြီး ပျော်ရွှင်စရာကောင်းနေတာပါ။ လတ်တလောမှာတော့ ပိုးအိအိခန့်က ပြင်ဦးလွင်သို့ ခရီးထွက်နေကြတဲ့ သူမတို့ မိသားစုလေးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ပိုးအိအိခန့်ကတော့ "ပြင်ဦးလွင် အမှတ်တရ 😍😍😍" ဆိုပြီး သူမတို့ မိသားစုလေးရဲ့ကြည်နူးစရာ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ရိုးသားကြိုးစားပြီး သူမအပေါ် တန်ဖိုးထားတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ပိုးအိအိခန့်ကတော့ အမြဲစိတ်အေးချမ်းနေရတာဖြစ်ပြီး၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပါနော်။မေမေနဲ့ သားသားကလည်း တစ်ပုံစံတည်းပဲနော် ချစ်စရာကြီးတွေ...။အားကျစရာကောင်းတဲ့ ပြီးပြည့်စုံလွန်းတဲ့ မိသားစုဘဝလေး...။
မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ သားလေးမွေးပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ အကုန်နားထားတာဖြစ်ပြီး၊ သားလေးကြီးလာမှ ပြန်လုပ်ဖြစ်မယ်လို့လည်း ပရိသတ်တွေကို အသိပေးထားပါသေးတယ်။ အောင်သူကလည်း မိသားစုရှေ့ရေးအတွက် အများကြီး ကြိုးစားသွားမယ်လို့ ပြောထားသူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြင်ရသူတွေကို အားကျစေလောက်အောင် အေးချမ်းလွန်းတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့မိသားစုလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Poe Ei Ei Khant's Facebook