ပန်းနုသွေး ဇာတ်လမ်းတွဲလေးကနေ အစပြုပြီး ပရိသတ်တွေရဲ့ရင်ထဲကို ချဉ်းနင်း ဝင်ရောက်လာတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာ ရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။ လတ်တလောမှာတော့ မေမြင့်မိုရ်က လုံလုံခြုံခြုံလေးနဲ့ အရမ်းကို ခမ်းနားလှပတဲ့ ပွဲတက်ဝတ်စုံလေးကို ဆင်မြန်းပြီး ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခေတ်မဆန်ပဲ ထူးထူးခြားခြားလှတဲ့ မေမြင့်မိုရ်လေးကိုတော့ ပရိသတ်တွေက တစ်နေ့တစ်ခြား ပိုပိုပြီး အချစ်တိုးလာကြတာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်ကတော့ "Sweet December လေးအစမှာတက်ရောက်ဖြစ်တဲ့ Gold AYA Motors ရဲ့ JETOUR X70 Launch Event 💙❄️☃️" ဆိုပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလအစလေးမှာ တက်ဖြစ်ခဲ့တဲ့ ပွဲလေးက ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဆန်ပြီး အကြည့်ခံတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေး မေမြင့်မိုရ်ကတော့ ဘယ်အချိန်ကြည့်ကြည့် မြင်ရသူတွေရဲ့ရင်ကို အေးချမ်းစေသူလေးတစ်ဦးဆိုလည်း မမှားပါဘူး။
လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ မေမြင့်မိုရ်လေးကတော့ သူမပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်တိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားတတ်သူမို့ အောင်မြင်မှုတွေ ပိုပိုတိုးပြီး ရလာတာပါ။ ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မဆန်းပဲ ရိုးရိုးလေးနဲ့ လှရက်လွန်းသူလေး မေမြင့်မိုရ်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;May Myint Mo's Facebook