လူငယ်ဆန်တဲ့ ဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ ပတ်ထရစ်ရှာရဲ့ပုံရိပ်တွေ

 International ဆန်တဲ့ အရပ်အမောင်းနဲ့ ညှို့အားပြင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ တစိမ့်စိမ့်ကြည့်လေ ပိုလှလာသူလေးတစ်ဉီးပါ။ လတ်တလောမှာတော့ ပတ်ထရစ်ရှာက စွဲမက်ဖွယ်ကောင်းတဲ့ သူမရဲ့အလှအပတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဆိုးတဲ့ကောင်လေးတွေအတွက် အချိန်မရှိဘူးဆိုတဲ့ ရှာရှာလေးရဲ့ အင်္ကျီကစာတွေက တကယ့်အသက်ပါပဲနော်။

 ပတ်ထရစ်ရှာကတော့ "What does my shirt say?" ဆိုပြီး သူမရဲ့ ခပ်မိုက်မိုက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲ ဝတ်ဆင်ထားတာတောင် အရမ်းဂေါ်နေတဲ့ ရှာရှာလေးကတော့ ဘာလေးဝတ်ဝတ်လှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပါနော်။

မင်းသမီး​ချော​လေး ပတ်ထရစ်ရှာက​တော့​ လတ်​တ​လောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ရုပ်​ရှင်​တွေလည်း ရိုက်​ကူးဖြစ်​နေတယ်​လို့  သိရပါတယ်​။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ သူမကတော့ နားလည်မှုအပြည့်ပေးနိုင်တဲ့ ချစ်သူကြောင့် အမြဲစိတ်ချမ်းသာနေကြတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားကို ပိုင်​ဆိုင်​ထားတဲ့ ရှာရှာလေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Sue Sha Naing's Facebook