နိုင်ငံကျော် အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင်က အဒေါ်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်ပြီး အိန္ဒြာကျော်ဇင်လိုပဲ လူချစ်လူခင် များပြားလှသူပါ။ မေတိုးခိုင်က လက်ရှိမှာ မော်ဒယ်နဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့သူလေး ဖြစ်ပါတယ်။ အမြဲလိုလို ပြုံးနေတဲ့ သူမရဲ့မျက်နှာလေးကတော့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ မေတိုးခိုင်က သူမရဲ့ ပြင်ဦးလွင်မြို့မှာ လည်ပတ်ခဲ့တဲ့ ဒီဇိုင်းကာလာအနေအထားကို မျှဝေခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။မေတိုးခိုင်က "မေမြို့မှာ အပီ စား၊ အပီ အိပ်၊ အပီ နား၊ အပီ ဓာတ်တွေဖမ်းပြီးနောက် ပြည့်ပြဲဖောင်းကားနေသော မျက်နာ နှင့် ရန်ကုန်ပြန်ရ၍ အလုပ်တွေပြန်လုပ်တော့မည်ဖြစ်ပါကြောင်း 😝♥️" ဆိုပြီး သူမပျော်ရွှင်ခဲ့ရကြောင်း ပြောပြထားပါတယ်။
မေတိုးခိုင်က နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူတူ သရုပ်ဆောင်ထားတဲ့ "ရူးအောင်ချစ်မယ့်သူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး လက်ရှိမှာလည်း ကြော်ငြာတွေ လက်မလည်အောင် ရိုက်ကူးပေးနေရတာပဲ ဖြစ်ပါတယ်။မေတိုးခိုင်ကတော့ တကယ့်ကို ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မေတိုးခိုင်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြိး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: May Toe Khine's fb