ပရိသတ်တွေ အရမ်းချစ်ကြတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ပွင့်လင်းတဲ့ စိတ်ဓာတ်လေးနဲ့ အနုပညာမှာ ထူးချွန်လွန်းတာကြောင့်ပါ အောင်မြင်မှုတွေ တစ်နေ့တစ်ခြား ပိုပိုပြီးတိုးလာသူလေးဆိုရင် မမှားပါဘူး။ လတ်တလောမှာတော့ နေခြည်ဦးက မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ အရမ်းကို နန်းဆန်နေတဲ့ သူမရဲ့ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အရမ်းလူငယ်ဆန်လွန်းတဲ့ ချီချီကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့လည်း အရမ်းကို လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်။
နေခြည်ဦးကတော့ "လမ်းထိပ်က မနက်စာဆိုင်" ဆိုပြီး မြန်မာဆန်ဆန်လေးနဲ့ လှရက်လွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ မင်းသမီးတစ်ဦးအနေနဲ့ အလှအပကို ထိန်းသိမ်းဖြစ်နေတဲ့ နေခြည်ဦးကတော့ ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးဖြစ်အောင် ဝိတ်ချလိုက်ပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုလှလာတာပဲ ဖြစ်ပါတယ်နော်။ဘယ်လိုနေနေ ချစ်စရာကောင်းနေတာပဲ ချီချီရယ်...။
နေခြည်ဉီးကတော့ လတ်တလောမှာ ရုပ်ရှင်တွေ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊ သူမဝါသနာပါရာ Beauty blogger အလုပ်ကိုလည်း အချိန်ပေးပြီး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမက မင်းသားချောလေး မိုရီဆာကီဝင်းနဲ့အတူ "အိမ်မက်တွေ မိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာဆန်ဆန်လေးနဲ့ လှရက်လွန်းနေတဲ့ နေခြည်ဦးကို သဘောကျရင်share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Nay Chi Oo's Facebook