ဒီနေ့အချိန်အထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ထူးခြားတဲ့ အလှတရားနဲ့ သူမရဲ့အနုပညာတို့ကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ သင်ဇာလေးကတော့ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့ကပဲ အသက် ၃၂ နှစ် ပြည့်သွားပြီဖြစ်ပြီး မွေးနေ့ကိုလည်း ချစ်ရသူတွေနဲ့ ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေး လှနေတဲ့ မွေးနေ့ရှင် သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေအကုန်လုံးက သဘောကျနေကြတာပါနော်။
သင်ဇာဝင့်ကျော်ကတော့ "မနေ့ကမွေးနေ့မှာ သင်ဇာအရမ်းပျော်ပါတယ်... လူ့လောကထဲရောက်အောင် ခေါ်ပေးပြီး သင်ဇာလုပ်ချင်သမျှကိုလုပ်ခွင့်ပေးခဲ့တဲ့ ဖေဖေကြီးနဲ့ မေမေကြီး ကိုအရမ်းကျေးဇူးတင်ပါတယ်... အရမ်းလဲချစ်မဝပါဘူး... မွေးနေ့ကိုအဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခွင့်ပေးသောသူများ ပျော်ရွှင်အောင်လုပ်ပေးသောသူများ မွေးနေ့ဆုတောင်းပေးတဲ့ သင်ဇာ့မိသားစုများ ချစ်သောfan များ Zara လေးများ ချစ်သောမိတ်ဆွေအပေါင်းအသင်းများနဲ့ချစ်ခင်ရသောသူများ နဲ့ ချစ်သော media စာနယ်ဇင်းများ... နေ့ဆွမ်းဒံပေါက်အတွက် sponsor ပေးသော ပေါပြူလာ ဒံပေါက်နဲ့ သင်ဇာလှလှပပလေးဝတ်ဆင်နိုင်အောင် စီစဉ်ပေးတဲ့ designer Ko Nyein Ko... မွေးနေ့အကျွေးအမွေးအတွက် အစစအရာရာ စီစဉ်ပေးတဲ့ Ma Aye Thida တို့ကို အထူးကျေးဇူးတင်ပါတယ်... သင်ဇာ့မွေးနေ့ကို ကြွရောက် ပါဝင်အားဖြည့်ပေးသောသူများအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်... အားလုံးကျေးဇူးကြောင့် သင်ဇာ့ ၃၂ ပြည့်မွေးနေ့လေးဟာ အဓိပ္ပာယ်ရှိသွားခဲ့ပါတယ်... အားလုံးကိုချစ်ပါတယ် 😘😘😘🙏🏼🙏🏼🙏🏼😇😇😇 " ဆိုပြီး သူမရဲ့ ၃၂ နှစ်ပြည့်မွေးနေ့လေးမှာ ပျော်ရွှင်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ကုသိုလ်ရေးဆိုလည်း လက်မနှေးတဲ့ သင်ဇာလေးကတော့ မကြာခဏဆိုသလိုလည်း ရိပ်သာဝင်လေ့ရှိပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။
သုံးဆယ်ကျော်မမ သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်ရင်း အချစ်ရေးကို စိတ်မဝင်စားသေးပဲ ချစ်ရတဲ့ မိသားစုကိုလုပ်ကျွေးရင်း ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့ အနုပညာကိုလည်း အချိန်ပေးဖြစ်နေတဲ့ သင်ဇာလေးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တည်ငြိမ်လွန်းတဲ့ မတ်မတ် သင်ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်းဝေမျှလိုက်ကြဖို့မမေ့ပါနဲ့နော်။
Myint Myat
Source:Thinzar Wint Kyaw's Facebook
Photo;Nay Min Tun