ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်တဲ့အတူတူ ဝါဆိုသင်္ကန်းကပ် ကုသိုလ်အတူပြုခဲ့တယ်ဆိုတဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ သူမရဲ့ ငယ်ဘဝမှာ သူမလုပ်ချင်တာမှန်သမျှကို လုပ်ခွင့်ရခဲ့ပြီး အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ဘာသာရေးနဲ့ ကုသိုလ်ရေးကို ပိုမိုလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုပိုက အနုပညာအလုပ်တွေ နည်းပါးနေတဲ့အချိန်မှာ သူမဝါသနာပါတဲ့ စိုက်ပျိုးရေးလေးကိုလုပ်ကိုင်ပြီး နေ့ရက်တိုင်းကို ကုသိုလ်တွေနဲ့ ဖြတ်သန်းနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ပိုပိုက မင်းသမီးချောလေး ဝင့်ယမုံနိုင်တဲ့အတူတူ ဝါဆိုသင်္ကန်းကပ် ကုသိုလ်အတူပြုခဲ့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်။
ပိုပိုက “ချစ်သူခင်သူတွေနဲ့ မာမီစု အလှူမှာ ဝါဆို သင်္ကန်းကပ်တယ်။ ဟင်း ၂ မျိူး ကိုယ်တိုင်စိုက် ချက်လှူတယ်။ သင်္ကန်း လှူတယ်။ ကုသိုလ်အတူပြုကြတယ်🙏🏻🙏🏻🙏🏻 အိမ်မှာ ဘုရားပန်းကပ်လှူပါတယ် ❤️” ဆိုပြီး သူမရဲ့ တစ်မနက်တာလေးကို ပီတိဖြစ်ဖွယ် ကောင်းမှုကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့ကြောင်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။
ပိုပိုကတော့ ဝါဆိုလပြည့်နေ့လေးမှာ ကုသိုလ်ကောင်းမှုတွေနဲ့ ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီကနေ့ ဝါဆိုလပြည့်နေ့လေးကို ဘယ်လိုကုသိုလ်တွေလုပ်ပြီး ဖြတ်သန်းခဲ့လဲဆိုတာ မျှဝေခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: ဝတ် ရည် မိုး’s fb
Bilie – Cele Connections