ပုပ္ပါးမှာမျောက်စာရောင်းတဲ့ အခြောက်မလေးအဖြစ် သဘာဝကျကျသရုပ်ဆောင်နေတဲ့ ညီညီမောင် (စမ်းချောင်း)

 အလှဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) ရဲ့ မိတ်ကပ်လက်ရာက မင်းသမီးတွေကြားမှာသာမက ပရိသတ်တွေကြားမှာ ရေပန်းစားတာ ဖြစ်ပါတယ်။  ။ ညီညီမောင်(စမ်းချောင်း)ကလဲ သူတတ်မြောက်ထားတဲ့ မိတ်ကပ်ပညာရပ်ကို စေတနာပါပါနဲ့ ဖန်တီးပေးတာကြောင့် နာမည်ကြီးသူတစ်ဦးပါပဲ။ အဲ့ဒါတွေကြောင့်လဲ ညီညီမောင်(စမ်းချောင်း) ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။

 ညီညီမောင်(စမ်းချောင်း) ဟာ အလှဖန်တီးရှင်အဖြစ်သာမက အခုဆိုရင် သရုပ်ဆောင်အလုပ်တွေကိုပါ နည်းနည်းချင်းစီ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ညီညီမောင်က ကြော်ငြာတွေ၊ သီချင်း MV တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ညီညီမောင်(စမ်းချောင်း) က သူမရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပုပ္ပါးတောင်က မျောက်စာရောင်းတဲ့ အခြောက်မလေးတစ်ယောက်အဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
ညီညီမောင်(စမ်းချောင်း)  ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးက အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။ညီညီမောင်(စမ်းချောင်း) ကတော့ သူမပါဝင်သရုပ်ဆောင်ရတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကို စေတနာပါပါနဲ့ သရုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ညီညီမောင်(စမ်းချောင်း) ရဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင် အားပေးကြပါဦးနော်။

Rowena
Source: Nyi Nyi Maung's fb