ရှင်းလင်းပြေပြစ်တဲ့မျက်နှာလေးနဲ့ အေးချမ်းစွာလှသူလေး မေမြင့်မိုရ်ကို လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က လူလေးလှရုံသာမကပဲ သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။
မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေသလို အားလပ်တဲ့အချိန်တွေမှာလည်း ပွဲလေးတွေကို တက်ရောက်နေလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း မေမြင့်မိုရ်က လေးစားချစ်ခင်ရတဲ့ စီနီယာ အိန္ဒြာကျော်ဇင်ရဲ့ The Bridge Myanmar Fall /Winter Launch ပွဲလေးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။
မေမြင့်မိုရ်က အဖြူရောင်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးသာ ဝတ်ဆင်ထားပေမယ့် တော်တော်လေး လှနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
မေမြင့်မိုရ်နဲ့ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်ဖူးပြီး မကြာသေးခင်က ရုံတင်ပြသတဲ့ "ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားမှာလည်း ကိုတိုးနဲ့ မာလာအဖြစ် အတွဲညီစွာ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။မေမြင့်မိုရ်က လက်ရှိမှာ ကြော်ငြာတွေကို ရိုက်ကူးပေးနေသလို "စတုတ္ထမြောက်သွေးကြောမျှင်" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေထူး၊ နိုင်းနိုင်း၊ သက်မွန်မြင့်တို့နဲ့အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မေမြင့်မိုရ်က အိန္ဒြာကျော်ဇင်ရဲ့ The Bridge Myanmar Fall /Winter Launch ပွဲလေးမှာ တော်တော်လေး ပျော်ရွှင်ခဲ့ပုံပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: May Myint Mo's fb
Photo: Min Hein Ko