ချစ်စဖွယ်အပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်ကြီးအလွမ်းပြေဖို့ပုံလေးတင်ပေးလာတဲ့ ယွန်းယွန်း
ပရိတ်သတ်ကြီးရေ.....ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုအပြည့်အ၀ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။
သူဟာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်။
ယွန်းယွန်းဟာ ယခုအချိန်တွင်တက္ကသိုလ်တက်ရောက်နေပြီဖြစ်ပြီး အရွယ်ရောက်လာလေ ပိုပိုပြီးလှသွေးကြွယ်လေပါပဲနော်။
ပရိတ်သတ်ကြီးလည်း ဆံပင်ရှည်ရှည် အပြုံးချိုချိုလေးနဲ့ မင်းသမီးလေးယွန်းယွန်းကို ချစ်ခင်အားပေးကြမယ်မလား။
ယွန်းယွန်းဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေရတဲ့ မင်းသမီးလေးပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် ကလေးတစ်ယောက်လိုချစ်စရာကောင်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိတ်သတ်တွေအတွက် ယွန်းယွန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Yoon Yoon's Facebook acc
Photo credit-Yoon Yoon's Facebook acc
credit-mmload.com