ထို့နောက် စင်ပေါ်ရှိ အလယ်ဗဟိုတည့်တည့်နေရာမှာ စုံတွဲနှစ်ယောက် နေရာယူပြီး ၎င်းတို့ချစ်သူသက်တမ်းတစ်လျှောက် အတူဖြတ်သန်းခဲ့ကြတဲ့ ချစ်ကြည်နူးဖို့ကောင်းတဲ့ ဓာတ်ပုံများကို ဧည့်ပရိသတ်တွေကို ဖွင့်ချဖို့ စီစဉ်ထားခဲ့တာပါ ။
သို့ပေမဲ့လည်း သတို့သမီးဘာမှမသိလိုက်ချိန်မှာပဲ သူမရဲ့သတို့သားက သူမနောက်ကွယ်မှာ ဖောက်ပြန်နေခဲ့တာကို သိရှိနင့်ပြီးသားပါ ။ သူမတို့ရဲ့ချစ်သူသက်တမ်းတစ်လျှောက် ဓာတ်ပုံလေးတွေကိုဖွင့်ပြရမဲ့အစား သူမတို့စုံတွဲရဲ့နေအိမ်အသစ်မှာ သူမဟာသူမရဲ့အစ်မအရင်းရဲ့ ယောင်္ကျားနဲ့ ကုတင်ပေါ်မှာ ချစ်ရည်လူးနေခဲ့တဲ့ ရုပ်သံကို သူမရဲ့သတို့သားလောင်းကဖွင့်ချခဲ့လို့ပါပဲ ။ အဆိုပါအိမ်အသစ်မှာ သတို့သားလောင်းက CCTV တပ်ထားခဲ့တာကို သူမကမရိပ်မိခဲ့သောကြောင့် သူမရဲ့လုပ်ရပ်ကို မိမိရရဖမ်းမိသွားခဲ့တာပါ ။
မမျှော်လင့်ထားတဲ့ video ကြောင့် သတို့သမီးဟာ အတော်လေးကို ရှက်သွားခဲ့ပြီး သတို့သားကို ပန်းစီးနဲ့ပစ်ပေါက်ခဲ့ပါတယ် ။ သတို့သားကလည်း ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမှန်မသိဘူးလို့ထင်နေတာလား ဆိုပြီး သူမကိုမေးမြန်းခဲ့ပါတယ် ။ နှစ်ယောက်လုံး ထိန်မနိုင် သိမ်းမရ ဒေါသထွက်နေခဲ့ကြပြီး အချင်းချင်းချက်ချင်းဘဲ ခွဲပြီးနေခဲ့ကြပါတော့တယ် ။