ကွာလာလမ်ပူမှ shalomပညာရေးစင်တာကမိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ အောင်လအန်ဆန်း

 ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဝင့်ကြွားနိုင်စေတဲ့ နိုင်ငံဂုဏ်ဆောင် ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်းကတော့ တပည့်ဖြစ်သူ ယှဉ်ပြိုင်ရမည့် ပွဲအတွက် ကွာလာလမ်ပူ ကိုရောက်ရှိနေတာဖြစ်ပြီး ကွာလာလမ်ပူမှ shalomပညာရေးစင်တာကမိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းကို ကျွန်တော်ကွာလာလမ်ပူမှာတကယ်ကောင်းမွန်တဲ့ တရက်တာကိုဖြတ်သန်းခဲ့ရပါတယ်..Shalomပညာရေးစင်တာကမိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံပြီးတော့ကလေးတချို့ကကျွန်တော့်အတွက် သူတို့တွေရဲ့အနုပညာလက်ရာတွေကိုရေးဆွဲပေးတာတွေတွေ့ရတာအရမ်းပျော်ဖို့ကောင်းပါတယ်.. ပြီးတော့@monarchymmaမှာလူငယ်လူရွယ်ဖိုက်တာတွေနဲ့ သွားရောက်တွေ့ဆုံပြီးလေ့ကျင့်မှုတွေအတူပြုလုပ်ခဲ့ပါတယ်.. ကွာလာလမ်ပူမှာရှိနေတုန်းကျွန်တော်နှစ်သက်တဲ့အရာတွေကို လုပ်ဆောင်ခွင့်ရတာဟာကျေးဇူးတော်ပါပဲ။
 What an awesome day in Kuala Lumpur! Got to meet orphan kids at the Shalom Education Centre. A couple of them were sweet enough to draw me some artwork. I also got to train some young fighters at @monarchymma. Blessed to be able to do what I love. @ Kuala Lumpur, Malaysia” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။အောင်လအန်ဆန်းကတော့ မကြာသေးမီကမှ အလည်ပြန်လာခဲ့ပြီး အမိနိုင်ငံကို ပြန်ရောက်တုန်းလေး မြန်မာ့လက်ဝှေ့လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဆရာလုံးချော ဆီမှ လက်ဝှေ့ပညာတွေကို လေ့ကျင့်သင်ကြားခဲ့ပါသေးတယ်။သူကတော့ အသက်ထပ်ချစ်ရတဲ့ ချစ်ဇနီးလေး၊ချစ်စရာသားလေးအဒီးလေးတို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါတယ်။လက်ရှိမှာတော့ အောင်လအန်ဆန်းဟာ နောက်ထပ် ရင်သွေးငယ်လေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အောင်လအန်ဆန်းကတော့ တပည့်ဖြစ်သူ ယှဉ်ပြိုင်ရမည့် ပွဲအတွက် ကွာလာလမ်ပူ ကိုရောက်ရှိနေတာဖြစ်ပြီး ကွာလာလမ်ပူမှ shalomပညာရေးစင်တာကမိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့သေးတယ်တဲ့နော်။