အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်စရာမင်းသမီးလေး ဝါဆိုမိုးဦးကတော့ ဘိုဆန်ဆန်မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ ဝါဆိုက ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အကြမ်းစားဖက်ရှင်နဲ့ နှစ်သစ်ကို ကြိုဆိုလိုက်တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီး လေးကတော့ အရမ်းကို ဂေါ်လွန်းနေတာပါနော်။
ဝါဆိုမိုးဦးကတော့ "2013 vs 2020 ၇နှစ်နှစ်တာပြောင်းလဲချင်းတွေနဲ့ နှစ်သစ်ကိုစတင်လိုက်ပြီနော်❤️❤️❤️အယ်လယ် 🤪 " ဆိုပြီး နှစ်သစ်ကို အဂေါ်ဆုံး ကြိုဆိုခဲ့တဲ့ သူမရဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ တင်ထားခဲ့တာပါ။
ဝါဆိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့အချစ်ရေးကိုလည်း အကောင်းဆုံးပုံဖော်နေတာပါ။အဆိုပိုင်းမှာလည်း ထူးချွန်တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းလန်းတဲ့ ဝါဆိုမိုးဦးရဲ့ပုံရိပ်လေးတွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Warso Moe Oo's Facebook
Photo: Aung Kyaw Tun