မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးချစ်ခင်ရတဲ့ အောင်လေးဟာ မော်ဒယ်လောကမှာတော့ ပြိုင်စံရှား အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စတိုင်လ်ကျပြီး ရုပ်ရည်ချောမောလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုရရှိနေဆဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း အောင်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား အားပေးစောင့်မျှော်ကြပါတယ်။
အောင်လေးက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေသလို သူ့ကို ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း အချိန်ပေးပြီး တက်ရောက်နေတာကိုလည်း တွေ့ရှိရပါတယ်။အောင်လေးက မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ AYA Bank ရဲ့ New Year ပါတီကို သန္တာဗိုလ်၊ ကောင်းပြည့်၊ အောင်မင်းခန့် စတဲ့ အနုပညာရှင်တွေအများကြီးနဲ့ တက်ရောက်ခဲ့ပါတယ်။
ထို Nrw Year Party မှာ Suzuki Swift ကားအသစ်စီးကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ထိုကားအသစ်ကြီးကို အောင်လေးက ကံထူးစွာနဲ့ မဲပေါက်ခဲ့တာ ဖြစ်ပါတယ်။အောင်လေးကတော့ (၂၀၂၀) နှစ်စမှာပဲ ကားသစ်ကြီးတစ်စီးမဲပေါက်ပြီး ကံကောင်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရတာပဲနော်။ ပရိသတ်ကြီးလည်း အောင်လေးအတွက် ဝမ်းသာဂုဏ်ယူစကားလေးတွေ ပြောခဲ့ကြပါဦးနော်။
Rowena
Source: Aung Lay & Thandar Bo's fb