မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ကြွေရုပ်လေးလို လှရက်လွန်းတာကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ သဲသဲလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားတာပါ။ လတ်တလောမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ၂၀၂၀ ကို ချစ်စရာအကောင်းဆုံးဖက်ရှင်လေးနဲ့ ကြိုဆိုလိုက်တဲ့ သူမရဲ့ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်လိုက်တာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အသွင်လေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ရွှေကစ်လေးရဲ့ပုံရိပ်တွေကတော့ အရမ်းကိုအေးချမ်းလှပါတယ်နော်။
ဝတ်မှုန်ရွှေရည်ကတော့ "ကံကောင်းခြင်း တွေ ပျော်ရွှင် ခြင်းတွေ နဲ့ ပြည့်နက်နေတဲ့ နှစ်သစ် ဖြစ်ပါစေ ❤️" ချစ်စရာကောင်းတဲ့ နှစ်သစ်ဆုတောင်းနဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "တိမ်တွေပေါ်က ပန်း" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပါသေးတယ်။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ရွှေကစ်လေးရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နှစ်သစ်ကို အလှဆုံး ကြိုဆိုခဲ့တဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Wutt Hmone Shwe Yi's Facebook