ခင်ပွန်းဖြစ်သူ လင်းလင်း သီချင်းတက်မဆိုခင် စင်နောက်ကနေလိုအပ်တာများကို မှာကြားနေတဲ့ ချစ်သုဝေ

 ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ချစ်သုဝေက မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ချစ်သုဝေက New Year ပွဲမှာ သီချင်းဆိုတဲ့ ခင်ပွန်းလင်းလင်းကို လိုအပ်တာများ ဖြည့်စည်းပေးနေခဲ့ပါတယ်။

 ဒီနေ့မှာတော့ ချစ်သုဝေက ပြီးခဲ့တဲ့ (၂၀၁၉) မှာ ကြုံတွေ့ခဲ့ရတဲ့အမှတ်တရတွေနဲ့ (၂၀၂၀)မှာ ကောင်းသထက်ကောင်းအောင် ကြိုးစားနေထိုင်မယ့် အကြောင်းကို အခုလိုပြောပြလာပါတယ်။ "2019ကိုပြန်လှည့်ကြည့်တော့ ပျော် စရာတွေချည်းလည်းမဟုတ် ငိုစရာတွေချည်းလည်း မဟုတ်ပြန် အထိုးအနှက်ကတော့ အတော်များခဲ့တာ။ မွန်းကျပ်စရာတွေရော၊ ပင်ပမ်းတာတွေရော.. အစွန်း၂ဖက်မှာချည်းပဲ။"
"2020 ကိုတော့ ပျော်စရာတွေချည်းလာတို့, အောင်မြင်မှုတွေကြိုလို့တို့,, မဟုတ်တမ်းတရားတွေမတောင်းဆိုသင့်လေဘူးလေနော်။ လာပါကြိုက်တာလာပါ။ နူးညံ့သောနှလုံးသား မှန်ကန်သောခံယူချက် ပြတ်သားသောစိတ်နှလုံး ကြည်လင်သောအပြုံးများဖြင့် blessings တိုင်းအတွက်ချီးမွမ်းနိုင်သလို ဒုက္ခ တိုင်းအတွက် ရဲရဲရင်ဆိုင် ခံနိုင်ပါစေ။"


"ဘဝမှာ ကြည်နူးချမ်းမြေ့စရာ မိသားစုလေးပိုင်ဆိုင်နေရတာနဲ့ မိဘကိုအလုပ်အကျွေးပြုစောင့်ရှောက်နိုင်စွမ်းရှိတာနဲ့တင် ပျော်စရာအလွန်ကောင်းနေပြီလေနော်😇 2020မှာ ကိုယ့်ကိုယ်ကိုယ်လည်းပိုချစ်မယ် ကိုယ်နဲ့ဆက်ဆိုင်သာများအပေါ်လည်း ပို၍သာ၍ နွေးထွေးကြင်နာမယ်။""မေတ္တာ  ကရုဏာ မုဒိတာ ဖက်၍ နေ့ရက်တိုင်းဖြတ်သန်းရပါလို၏။ သူတော်ယုတ်များ ကိုယ့်လမ်းကိုယ်သွားကြ၍ မဆုံဆည်းရပါလို၏၊ P.S.ဖေပူးရေ မေ့ကိုပေးတဲ့လက်ဆောင်လေး က မေအမြဲ ရင်ထဲပီတိဖြစ်ချင်တာနော် Thanks for the present😍" ဆိုပြီး ပြောလာပါတယ်။
ချစ်သုဝေကတော့ သူမရဲ့ ဘဝကို အကောင်းဆုံးဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေအတွက် နှစ်သစ်ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Rowena
Source: Chit Thu Wai's fb