နိုင်ငံကျော် အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ပြေတီဦးနဲံ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီးတွေများစွာရရှိခဲ့သလို "သုဒြာ" ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကိုလည်း တည်ထောင်ထားကြတာ ဖြစ်ပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အခုဆိုရင် အိမ်ထောင်သက် (၈) နှစ်ကျော်ကြာ လက်တွဲခဲ့တာဖြစ်ပြီး သမီးလေး ပြေသုဒြာနဲ့ သားငယ် ပြေဓီရတို့ကို မွေးဖွားထားပြီး သာယာလှပတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီနေ့ ဇန်နဝါရ်ီလ (၁) ရက်နေ့ကတော့ ပြေတီဦးတစ်ယောက် အိန္ဒြာကျော်ဇင်ကို လာရောက်တောင်းရမ်းနားဖောက်တဲ့နေ့လေး ဖြစ်ပါတယ်တဲ့။ အိန္ဒြာကျော်ဇင်က ထိုနေ့လေးကို မှတ်မှတ်ရရှိရင်း ပရိသတ်တွေအတွက် အခုလိုပဲ နှစ်သစ်ဆုတောင်းလေး ပြောထားပါတယ်။
"HAPPY NEW YEAR! ALL OF MY FANS ကျန်းမာခြင်း၊ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း၊စိတ်နှလုံးချမ်းမြေ့ခြင်း၊ကြံစည်သမျှအောင်မြင်ခြင်း၊ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း၊လာဘ်လာဘကြွယ်ဝခြင်းအပေါင်းနှင့်နှစ်သစ်မှာ ပြည့်စုံကြပါစေ...ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ 🎁 လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုနေ့မှာ သူ..ဒို့ကို...ဒို့ မေမေဆီမှာ လာတောင်းတာပေါ့😜😁😍" ဆိုပြီး မျှဝေထားပါတယ်။
အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကတော့ အခုချိန်ထိတိုင် သာယာပျော်ရွှင်စွာနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Eaindra Kyaw Zin's fb