Snare အဖွဲ့မှ အဆိုတော်နေဝင်းက အောင်မြင်တဲ့ လူငယ်ကြိုက်အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ နေဝင်းရဲ့ သီချင်းတွေကိုသာမက ချစ်စရာကောင်းပြီး အေးချမ်းလွန်းတဲ့ သူ့ရဲ့ အချစ်ရေးလေးကိုလည်း အားကျကြတာ ဖြစ်ပါတယ်။ နေဝင်းရဲ့ ချစ်သူကတော့ ခရီးသွားဘလော့ဂါမလေး Travel Kueen @ အိမ့်ချစ်ချောပဲ ဖြစ်ပါတယ်။
မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ နေဝင်းက New Year Countdown 2020 ပွဲမှာ သူ့ရဲ့ချစ်သူကောင်မလေးကို စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။နေဝင်းရဲ့ လက်ထပ်ခွင့်တောင်းတဲ့ အခိုက်အတန့်လေးက ပွဲကြည့်သူ လေးသိန်းကျော်အပြင် တစ်နိုင်ငံလုံးက ပရိသတ်တွေကို အားကျနှစ်ခြိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။
နေဝင်းက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့ လက်ထပ်လက်စွပ်လေးက အသည်းပုံပေါ်မှာ စိန် (၅) လုံးနဲ့ စီခြယ်ထားပြီး လက်စွပ်လေးရဲ နာမည်ကတော့ "သူမနှင့်အိပ်မက်" လို့ အမည်ရပါတယ်။နေဝင်းက ခရစ်စမတ်နေ့မှာ (၁၀) နှစ်ပြည့် Anniversary လေးကို ကျင်းပခဲ့ပြီး New Year ညလေးမှာ လက်ထပ်ခွင့်တောင်းဖို့ အကွက်ကျကျစီစဉ်ထားတာဖြစ်ပါတယ်တဲ့။ ပရိသတ်ကြီးလည်း နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲလေးအတွက် ဝမ်းသာစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
Rowena
Source: Travel Kueen's ig & MG & J Myanmar Gems & Jewellery