ပရိသတ်တွေကို April Fool မခံရဖို့ သတိပေးလိုက်တဲ့ နေခြည်ဦး

 နေခြည်ဦးကတော့ အခုချိန်မှာ ပရိသတ်တွေချစ်တဲ့ အာင်မြင်တဲ့မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာကြတာပဲ ဖြစ်ပါတယ်။သူမရဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ “ရန်သူ” “ဧည့်သည်”ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပရိသတ်တွေ အားပေးချီးကျူးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။
 သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ချီချီရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 ကြောင့် ချီချီကတော့ တစ်ယောက်တည်း အိမ်မှာပဲ နေကာ အချိန်တွေကို ဖြတ်သန်းနေတယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ပရိသတ်တွေကို ” မနက်ဖြန်A Fool မခံရစေနဲ့နော် APRIL FOOOOOLL” စာလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပျော်ပျာ်နေတတ်တဲ့ ချီချီကတော့ ပရိသတ်တွေကို စနောက်မခံရအောင်သတိပေးစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။