မန္တေ လးမြို့မှ တွန်း လှည်းဖြင့် ထီရောင်း သူ ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီး ဆွတ်ခူး…

 ၁၃ကြိမ်မြောက် ကျပ်သိန်းတစ်သော င်းခွဲ ထီဆုကြီးကို မန္တလေးမြို့မှ တွန်းလှည်းဖြင့် ထီရောင်းသူတစ်ဦးက ဆွတ်ခူးသွားကြောင်း သတင်းရရှိပါသည်။ရောင်းမကုန်သည့် ထီလက်ကျန် (၁၀)စောင်တွဲမှ ကျပ်သိန်းတစ်သောင်းခွဲ ထီဆု ဆွတ်ခူးခြင်း ဖြစ်သည်ဟု ထီပေါက်သူ မအေးခိုင်က ပြောသည်။“မီးခိုးတိတ် အလှူပေးမယ်။ အိမ်ပိုင်ဝင်းပိုင်လေး ဝယ်မယ်”ဟု မအေးခိုင်က ပြောသည်။
 ယနေ့ မတ်လ(၁)ရက်တွင် ဖွင့်လှစ်သည့် (၁၃)ကြိမ်မြောက် အောင်ဘာလေ ကျပ်တစ်ထောင်တန် ထီ၏ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းတစ်သောင်းခွဲဆု ပေါက်မဲနံပါတ်မှာ ဠ ၂၇၇၄၆၅ ဖြစ်သည်။အဆိုပါ ပေါက်မဲထီလက်မှတ်ကို တွန်းလှည်းဖြင့် ထီလှည့်လည်ရောင်းချသူ ကိုအေးမင်းထွန်းနှင့် မအေးခိုင်မိသားစုက ထီလက်ကျန် (၁၀)စောင်တွဲမှ ဆွတ်ခူးတာပဲ ဖြစ်ပါတယ်။
၎င်းတို့မိသားစုမှာ ပြည်မြို့ဒေသမှ ဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ တွန်းလှည်းဖြင့် ထီရောင်းကြောင်း၊ ကျပ်သိန်းတစ်သောင်းခွဲထီဆု ဆွတ်ခူးသည့် ပေါက်မဲလက်မှတ်မှာ ရောင်းမကုန်သဖြင့် ရယူလိုက်ရာမှ ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်ဟု အသက်(၄၀) ဝန်းကျင်အရွယ် မအေးခိုင်က ပြောသည်။ပင်ရင်းထီဆိုင်မှာ ငြိမ်းချမ်းရေးနှင့် ကမ္ဘာကျော်ထီဆိုင်ဖြစ်သည်သိရှိရပါသည်။