တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသမီးချောလေး လှအဉ္ဇလီတင့်ကိုတော့ မချစ်တဲ့သူမရှိသလောက်ပါပဲနော်။ဆွဲဆောင်မှုပိုတဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဖူးဖူးငုံငုံနူတ်ခမ်းလေးတွေကြောင့် ပရိသတ်ကအချစ်ပိုခဲ့ရသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းကွာဝေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့်လည်း အားပေးချစ်ခင်သူပရိသတ်တွေ ယနေ့ထက်တိုင်ရရှိနေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
သူကတော့ လတ်တလောမှာ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပြီး သစ်သီးမျိုးစုံနဲ့လုပ်ထားတဲ့ ရွှေစိတ်ပျော်သုပ်ကတော့ နာမည်ကြီးလွန်းလို့ အနယ်နယ်အရပ်ရပ်က ဝယ်ယူအားပေးခြင်းကို ရရှိထားတာလည်းဖြစ်ပါတယ်။မနေ့က လေးနှစ်မှတစ်ကြိမ်ကျရောက်တဲ့ ဖေဖော်ဝါရီ(၂၉)ရက်နေ့လေးမှာတော့ သူ့ရဲ့စားသောက်ကုန်လုပ်ငန်းကနေရတဲ့အမြတ်ငွေလေးနဲ့ မျက်လုံးအတုတစ်လုံးကို လှူဒါန်းပေးခဲ့ပြီး ပရိသတ်တွေပါ သာဓုအနုမောဓနာခေါ်ဆိုနိုင်အောင် မျှဝေပေးခဲ့ပါတယ်။ “ငယ်ငယ်က အတန်းထဲမှာ စာသင်ရင်း ကွက်လပ်ဖြည့် ပါ .. … ဆိုတဲ့ မေးခွန်းလေးကို လူတိုင်း ရင်းနှီး ကြမှာပါ..လူတွေထဲ က သနားစရာကောင်းတဲ့ ဘဝတချို့…သူတို့ဘဝ မှာ လိုအပ်နေတဲ့ ကွက်လပ်လေး …အဲ့ ကွက်လပ်လေးကို ကိုယ်က မေတ္တာနဲ့ ဖြည့် ပေးလိုက်ရရင် .. ဘယ်လောက် ပီတိဖြစ်ဖို့ ကောင်းလည်းနော်…(29.2.2020) ဒီနေ့တော့ ဘဝလေးတခု မှာလိုနေတဲ့ ကွက်လပ်လေးကို ကျမ ဖြည့် ပေးလိုက်ပါပြီ…ရွှေအဉ္ဇလီ * စားသောက်ကုန် လုပ်ငန်း မှ ရရှိသော ငွေ ဖြင့် … လှူဒါန်းပါသော ကုသိုလ်တော်… နတ်လူ သာဓု ခေါ်စေသော်” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။
မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ မိန်းကလေးတစ်ယောက်ရဲ့ဘဝတလျှောက်လုံး ချို့ယွင်းချက်တစ်ခုအနေနဲ့ မနေသွားစေလိုတဲ့အတွက် သူ့ရဲ့လိုအပ်နေတဲ့ကွက်လပ်လေးကို ဖြည့်ပေးခဲ့တာပဲဖြစ်ပါတယ်။စိတ်ရင်းစေတနာကောင်းပြီး လှအဉ္ဇလီတင့်လိုအပ်နေသူကိုဖြည့်ဆည်းပေးခဲ့တဲ့်ရဲ့စားသောက်ကုန်လုပ်ငန်းလည်း ဒီထက်မက အောင်မြင်ပြီး များများလှူဒါန်းပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သူ့ရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
Source – Hla Inzali Tint
Rainbow- Cele Gabar