Covid-19 ရဲ့ဆိုးရွားတဲ့ အခြေနေတွေကို ကျော်ဖြတ်နိုင်ကြဖို့ ပြည်သူတွေအားလုံး မိမိကိုယ်ကို ကာကွယ်ဖို့ ၊ ချစ်ရသူတွေ ကိုကာကွယ်ဖို့အတွက် Stay home ကိုတစ်ညီတစ်ညွတ်ထဲ လုပ်ဆောင်ကြဖို့ အနုပညာရှင်တွေနဲ့ ကျန်းမာရေးဌာနက အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ် ။ ပရိသတ်တွေ ချစ်စနိုးနဲ့ မျိုးလို့ ခေါ်ရတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မယ်လိုဒီကလည်း ကပ်ရောဂါအကြောင်း မိဘတွေ သားသမီး မိတ်ဆွေ ချစ်ရသူတွေ ကို စိတ်ရှည်စွာရှင်းပြပေးဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံလာခဲ့ပါတယ် ။


အထူးသဖြင့်မိဘတွေကို စိတ်ရှည်ဖို့နဲ့ မိဘတွေ အသက်ရှည် အနာမဲ့နိုင်ဖို့ ကပ်ရောဂါအကြောင်း သေချာနားလည်အောင် စိတ်ရှည်စွာရှင်းပြ ခြင်း ဖြင့်ကုသိုလ်ယူလို့ရပါတယ်လို့ ပရိသတ်တွေကို အသိပညာပေးလာခဲ့တာဖြစ်ပါတယ် ။ မိမိကနေတဆင့် မိသားစုဝင်တွေကိုမကူးစက်အောင် အိမ်မှာနေခြင်းဖြင့် ကာကွယ် ကယ်တင်ကြပါရှင် ဒီအချိန် မိသားစုကို ချစ်ခြင်းမေတ္တာပြရမယ့်အချိန်ပါရှင်ကမ္ဘာကြီးကို အိမ်မှာ မိသားစုနဲ့နေရင်း Game ဆော့ရင်းအိပ်ရေးဝဝအိပ်ခြင်း အပင်တွေစိုက်ရင်း ဇာတ်လမ်းတွဲတွေကြည့်ရင်း မုန့်တွေ လုပ်စားရင်း စာတွေဖတ်ရင်း ကယ်တင်ကြပါစို့ လို့ သူမရဲ့ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တိုက်တွန်းထားတာလည်းတွေ့ရပါတယ် ။
မြန်မာပြည်ကြီးအေးချမ်းပါစေ ကမ္ဘာကြီးအေးချမ်းပါစေ ကမ္ဘာပေါ်ရှိ၇ရက်သားသမီး အားလုံးသက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင် လို့လည်း ဆုတောင်းမေတ္တာပို့သထားပါသေးတယ် ။ မယ်လိုဒီရဲ့ချစ်ပရိသတ်ကြီးလည်း သူမနဲ့အတူ ကမ္ဘာကြီးကို ကာကွယ်ဖို့အိမ်မှာချစ်ရတဲ့မိသားစုတွေနဲ့အတူနေပြီး ကာကွယ်ကြပါစို့နော် ..။
Source : Melody
Emily (Cele Gabar)