မင်းသမီးချောလေးခင်သဇင်ကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ ယခုမှာ အပြင်ထွက်အလုပ်လုပ်ရတာကို ပင်ပန်းတယ်ထင်ခဲ့ပေမယ့် အိမ်မှာနေတော့မှ ပိုပင်ပန်းကြောင်းပြောပြလာခဲ့ပါတယ်။
သူမကတော့" အပြင်မှာ အလုပ်လုပ်ရတာ ပင်ပန်းတယ် ထင်တာအိမ်မှာ နေတာ ပိုပင်ပန်းနေတယ်..ပြောလိုက်ရတာလည်း တနေကုန် အမြှုပ်တွေ ထွက်မတက်ပဲအိမ်က အသက် ၇၀ ကျော် အဒေါ် အပျိုကြီးကို လည်း အိမ်ပြင် မထွက်ဖို့ချော့လိုက် ခြောက်လိုက် နဲ့ တမျိုး အပြင် မသွားဖို့ စည်းရုံးရေး မဲဆွယ်ရေး နည်းမျိုးစုံ သုံးရ တာက တဖုံ ...အိမ်က ထမင်းချက်တဲ့ သူတွေကို လည်း ဆီလျော့ချက် ဖို့Meal plan ထားဖို့အချိုမှုန့် မထည့်ဖို့နေနိုင်တော့ ကိုယ်တိုင် မနက် နေ့လည် ည ဟင်းတွေ ဝင်ချက် ၊စိတ်တိုင်းက ထပ်မကျတော့ ထမင်းချက်ကြီး ဖြစ်သွားရောကိုယ်ကဟင်းချက်ပြီ ဆိုရင်လည်း ခရမ်းချဉ်သီး ဖက်က အစ မကြေနေရင် မကြိုက်ဘူး " ဆိုပြီးရေးသားထားပါတယ်။


သူမကတော့ " ကြက်သွန်ဖက်တွေ အဖက်လိုက် မြင်နေရရင်လည်း မကြိုက်ဘူး .အရောင် မလှရင် မကြိုက်ဘူးအနံ့ က ဆွဲဆောင်မှု မရှိရင် မကြိုက်ဘူးစိတ်ရှည်ရှည် နဲ့ကို တဆင့်ချင်း ကို ချက်တာ ..နောက်ဆုံး ထည့်တဲ့ ပန်းကန် မလှရင်တောင် မကြိုက်ဘူးအလုပ်ခန်း သန့်ရှင်းရေး တရစပ်လုပ်ဟို ပစ္စည်း ဒီရွှေ့ ၊ ဒီ အပစ္စည်း ဟိုရွှေ့နဲ့ ဖက်ဖက်မောရတာ တမျိုး ...အရေးထဲ သားတော်မောင် မောင် ဘီဘီက ဟိုဟာ မစားဘူး ဒီဟာမစားဘူးနဲ့ ဖင်းခေါင်းတွေ ကျယ်တာသူ့ဖင်ထဲ ဝင်ပြီး တအိမ်လုံး quarantine လုပ်လို့ရတယ်သူ့ ထိ တစက်မှ မခံတဲ့ အဒေါ် အပျိုကြီး နဲ့ သတ်ပုတ်ပြီး အစားကို စည်းကမ်းနဲ့ ကျွေးဖို့ တားတာ ဘယ်လိုမှ တားမရ လို့ မိုးလင်းတာနဲ့ စကားများရတာက တမျိုး ...ပြောလိုက် လုပ်လိုက်နဲ့က တနေကုန် မရပ်မနား...ဒီကြားထဲ အိမ်မှာ လေ့ကျင့်ခန်းက လုပ်ရသေးတာအဆီကျဖို့ ဗိုက်မပူဖို့ ခါးသေးဖို့ လက်မောင်းနဲ့ နောက်ကျော် အဆီ မတက်ဖို့ လုံးပန်းရသေးတာဒီရက်ပိုင်းက အိမ်မှာ နေတော့ စားမိထားတာတွေကလည်း မဟားတရား မဟုတ်လား ...ဒီလိုနဲ့ နောက်ဆုံး တွေးမိလိုက်တာကတော့ ...အင်း ... ငါ့အိမ်က သူတွေ ခင်သဇင် နေ့တိုင်း ရှုတင် ရှိပါစေ ဆုတောင်းနေကြမှာသေချာတယ်လို့ ...ရှုတင်မှာဆို ဘာနဲ့ ထည့်ပေးပေး စားတယ် " ဆိုပြီးရေးသားထားခဲ့ပါတယ်။


သူမကတော့ " ဘယ်လိုပဲ ဖြစ်ဖြစ် နေတယ်တခွန်းမှ မငြီးဖြစ်ဘူးအလုပ်ထဲ ဇောကပ်နေတော့ အဲဒါတွေ အာရုံမရတော့ဘူးလေ ..ရှုတင်က ပြန်လာရင်လည်း တခါတည်း ကိုယ့်အခန်းထဲ တန်းဝင်သွားတာ စကားတောင် တခွန်းမှ အိမ်မှာ မပြောတော့ဘူးဆိုတော့ ...အခုတော့ အိမ်မှာ တနေကုန် ငုတ်တုပ် အိမ်ပြင် မထွက်ပဲ ကိုယ်ရှိနေတော့ ခင်သဇင့် စည်းစနစ် ကြီးပုံကို တအိမ်လုံး တယောက်မှ ခံနိုင်ပုံ မရဘူး...ကြွပ်ကြွနေကြတာပဲ ...အမတော်ကအစ မလှုပ်ဘူး အိမ်မှာ ... သူ့အခန်းထဲ အောင်းနေတာ ထမင်းစားချိန်လေးပဲသူ့မြင်ရတယ် ...ဒါတောင် ကိုယ်က အိမ်က ဘယ်သူ ထမင်း စားစား ထမင်း စားပွဲဘေးက မတ်တပ်ရပ်ကြည့်နေသေးတာ ...ချက်ထားတာတွေ ကျန်မှာ စိုးလို့ ချက်သမျှ အကုန် ထည့်ခိုင်းတာ... လွှင့်ပစ်ရမှာလည်း အင်မတန် နှမြောတတ်တော့...ကိုယ်ကိုတိုင်လည်း အိမ်မှာ ပိုပင်ပန်းလို့ အပြင်ထွက် အလုပ်လုပ်နေရတာပို ကောင်းသလိုပဲ ...အိမ်က သူတွေကလည်း ပြောတယ် .... အ ပြင်မှာ covid က တော်တော်ရယ် ...အခုမှ ငါတို့က စစ်တပ်ထဲ camp သွင်းခံထားရသလိုပဲတဲ့ ... ကြားရတော့ ရယ်ရမလို .. ဒေါသထွက်ရမလို ....ဒီကပ်ဆိုးကြီးလည်း မကြာမှီ အမြန် ပြီးပျောက်ပါစေပဲ ထိုင်ဆုတောင်းနေရုံက လွဲလို့ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူးလေကွယ်နော် ..." ဆိုပြီးရေးသားထားခဲ့ပါတယ် ။
source : khin thazin ' s facebook account
crd-myanmarload