ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်းသမီးလေးဆိုတာ အထူးပြောစရာမလိုပါဘူးနော်။ အရိပ်ဇာတ်လမ်းတွဲမှာ ” အညို ” ဆိုပြီး ပရိသတ်တွေအားပေးခံခဲ့ရတာဖြစ်ပြီး ” နှင်းဆီ ” ဇာတ်လမ်းတွဲမှာလည်း ” နှင်းဆီ ” ဇာတ်ကောင်နဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး သရုပ်ဆောင်ကောင်းလွန်းတဲ့မင်းသမီးလေး ဖြစ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။
ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြူအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့မင်းသမီးလေးကတော့Covid 19နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအိမ်မှာနေဖို့တိုက်တွန်းကာ သူမကိုယ်တိုင်လည်း အိမ်မှာနေနေကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။
ဒီနေ့မှာတော့ အိမ်မှာနေလွန်းလို့ ကာတွန်းဇာတ်ကောင်လေးနဲ့ ” ခေးဝိုက် ” ဆိုကာ သူမရဲ့ နာမည်ပြောင်လေးကို ကိုယ်တိုင်ပေးကာ လူမှုကွန်ရက်စာမျက်နှာMY Dayမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။