” ချစ်တဲ့သူရဲ့ လိုလေသေးမရှိဂရုစိုက်ခံနေရတယ်ဆိုတဲ့ ခြူးလေး “

 ပရိသတ်ကြီးရေခြူးလေးကတော့ မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာဖော်ရွေအေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲစေခဲ့တဲ့အပြင် အနုပညာရှင်တော်တော်များများက ခြူးလေးနဲ့တွေ့ရင် TikTok မဆော့တဲ့သူတောင် ဆော့ချင်အောင် သိမ်းသွင်းနိုင်တာကြောင့် TikTok မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။
 ဒါ့အပြင် ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးနေသူဖြစ်တဲ့အပြင် ချစ်စရာအမူအရာတွေသာမက သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ပရိသတ်တွေကို ဖမ်းစားထားတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ဦးပါ။ ထာဝရမန္တလေး လူရည်ချွန် ” စတဲ့ MRTV – (4)ရုပ်သံဇာတ်လမ်းတွဲများကတဆင့်ပရိသတ်တွေသတိထားမိလာပြီး” နွေလယ်ညရဲ့ လမင်း “ဇာတ်လမ်းတွဲမှာလည်း ဗီလိန်ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရပါသေးတယ်။အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေရတဲ့မင်းသမီးတစ်လက်ပါ။ဒါ့အပြင် သီချင်းလေးတွေလည်းသီဆိုပြီး music mtv လည်းထွက်ရှိထားပြီပဲ ဖြစ်ပါတယ်။
သူမရဲ့အချစ်ရေးကတော့ ထုတ်ပြောထားခြင်းမရှိဘဲ Single အဖြစ်နဲ့အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့သူမရဲ့ My Day ကနေ ” အိမ်မှနေအောင်လို့ တဲ့ ရုပ်ရှင်တွေပို့ပေးတာ တစ်ရက်ထဲကား (၅၀) ကျော်တယ်ပူတူးရယ်..မုန့်တွေလည်း ခဏခဏလာပို့လိုက်သေးတယ်။ ” ဆိုတဲ့ စာလေးနဲ့ ချစ်တဲ့သူက ဂရုစိုက်တဲ့အကြောင်းလေးတွေ ရင်ဖွင်ခဲ့တာပဲ ဖြစ်ပါတယ်။