“ချစ်ခင်ပွန်း ရွှေထူးနဲ့ ကမ်းခြေမှာ ရိုမန့်တစ်ဆန်ဆန်လေး ဖြတ်သန်းခဲ့တဲ့ ရွှေမှုန်ရတီ”

လှပလွန်းကာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နာမည်ကြီး အဆိုတော် ရွှေထူးနဲ့ လက်ထပ်ပြီး အပြန်အလှန် ချစ်စဖွယ် အမူအရာလေးတွေနဲ့ ဂရုစိုက်ကြင်နာ ကာ ရိုမန့်တစ်ဆန်ကြတဲ့ သူမတို့ အတွဲလေးကတော့ ပရိသတ်တွေ အားကျနှစ်သက်ရတဲ့ အတွဲလေး တစ်တွဲပဲဖြစ်ပါတယ်.။
အမြဲ ရိုမန့်တစ်ဆန်ဆန် ချစ်ခင်ကြင်နာကြတဲ့ သူမတို့ လင်မယားစုံတွဲလေးကို အရိုနိုင်ဆုံး စုံတွဲလေးလို့ တောင် ပရိသတ်တွေက နာမည်ပြောင်လေး ပေးရတဲ့ အထိကို ရိုနိုင်ကြတဲ့ သူတွေလို့ ပြောရမှာပါ.။ လူငယ်လင်မယားစုံတွဲလေးမို့ နှစ်ယောက်လုံးဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ နေထိုင်ကာ ပျော်ရွှင်နေတတ်ကြတဲ့ ရွှေမှုန်လေးတို့ လင်မယားကတော့ သူမတို့ စုံတွဲရဲ့ ရိုမန့်တစ်ဆန်တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်.။ ဒီနေ့ ဧပြီလ (၃၀)ရက်နေ့မှာတော့ ရွှေမှုန်လေးက SELAVA Beach ကို သွားရောက်လည်ပတ်စဉ်က ရိုက်ကူးခဲ့တဲ့ သူမတို့လင်မယားစုံတွဲရဲ့ ပုံရိပ်လေးတွေကို “Live with your dreams ..SELAVA beach” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ရွှေမှုန်ရတီလေးကတော့ သူမရဲ့ အချစ်ဆုံး ခင်ပွန်းဖြစ်သူရွှေထူးနဲ့ အတူတူ ရိုက်ကူးခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေအားကျအောင် တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး။Cele Connections ပရိသတ်ကြီးအတွက်လည်း ကမ်းခြေအမှာ အပန်းဖြေကာ မိမိုက်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီလေးတို့ လင်မယားရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Shwe Mhone Yati’s Facebook
Sakura(Cele Connections)